အလယ်အလတ်တန်း အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်နိုင်ရန် စီစဉ်

အလယ်အလတ်တန်း အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်နိုင်ရန် စီစဉ်

နေပြည်တော်၊နိုဝင်ဘာ ၂၅ ။      ။ တိုင်းပြည်၏ အနာဂတ်ကာလ၌ အစိုးရ၏ အသုံးစားရိတ်များကို နိုင်ငံတော်မှ ကောက်ခံရရှိသည့် အခွန်ငွေအပေါ်တွင် ရပ်တည်ဆောင်ရွက်ကြရ မည်ဖြစ်သည့်အတွက် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ခြေလှမ်းအဖြစ် အလယ်လတ်တန်းအခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်ရန်စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးဝင်ရှိန် ကပြောသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးနေသည့်တိုက်ရိုက်အခွန်ကောက်ခံသည့် စနစ်မှသွယ်ဝိုက်အခွန်ကောက်ခံသည့် စနစ်ကိုကူးပြောင်းရန်  အနည်းဆုံးအခွန်းနှုန်းထားများဖြင့် အခွန်အခြေခံချဲ့ထွင်၍ အခွန် ထမ်းများမှ ကိုယ်တိုင် အခွန်ပေးဆောင် စည်းကြပ်သည့်စနစ်ကို ကူးပြောင်းရန်ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခုနှစ်ဘဏ္ဍာနှစ် ပထမ ၆ လပတ် အခွန်ရရှိမှုကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ယင်းအပြင်အခွန်ထမ်းပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုမဖြစ်စေပဲ အခွန်ထမ်းပြည်သူများ လိုက်နာဆောင် ရွက်နိုင်သည့် အပြင် ရှင်းလင်းလွယ်ကူစွာ ထမ်းဆောင်နိုင်သည့် အခွန်စနစ်ဖြစ်ပေါ်ရေးကို ကြိုးပမ်းလျက်ရှိ ကြောင်း၎င်းကရှင်းပြခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဝန်ကြီးဌာမှ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ပထမခြေလှမ်းအဖြစ် ကုမ္ပဏီအခွန် ထမ်းကြီးများ ကိုယ်တိုင်အခွန်စည်းကြပ်ပေးနိုင် သည့်စနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရေးအတွက် အခွန်ထမ်း ကြီးများဆိုင်ရာအခွန်အခွန်ရုံးကို ယခုနှစ် ဧပြီလကရန်ကုန်မြို့တွင် ဖွင့်လှစ်၍ အခွန်းစည်းကြပ်မှုကို စတင် ဆောင်ရွက်ခဲ့သည်။  

ပြည်ထောင်စုအစိုးရက ၂၀၁၄-၂၀၁၅ခုနှစ်ဏ္ဍာရေးနှစ်တွင်ဧပြီးလမှ အောက်တိုဘာလအထိ ပထမ ၆ လပတ်အတွင်း အခွန် ကောက်ခံလျာထားချက် ကျပ် ဘီလျံ(၂၀၂၇.၆၄၂) လျာထားခဲ့ပြီး ကောက်ခံ ရရှိမှုမှာကျပ်ဘီလျံ(၂၃၅၇.၈၀၅)ရရှိကြောင်း ပြည်ထောင်စုအစိုးအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required