ဟောင်ကောင်ရတနာကုန်သည်များ စီးပွားရေးဆက်လက်ရှင်သန်နိုင်ရန်အတွက် တရုတ်ပြည်မကြီး တွင်ဆိုင်ခွဲများဖွင့်လှစ်လျက်ရှိ

ဟောင်ကောင်ရတနာကုန်သည်များ စီးပွားရေးဆက်လက်ရှင်သန်နိုင်ရန်အတွက် တရုတ်ပြည်မကြီး တွင်ဆိုင်ခွဲများဖွင့်လှစ်လျက်ရှိ

ဒီဇင်ဘာ ၂ 

ဆန္ဒပြပွဲများနှင့်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုဆက်တိုက် ကြုံတွေ့ခဲ့ရပြီးနောက် ကမ္ဘာလှည့်ခရီးသည် လာရောက်မှုကျဆင်းနေသည့်အတွက် ဟောင်ကောင်ရတနာ ကုန်သည်များသည် စီးပွားရေးကျဆင်း နေမှု ကိုကာမိစေရန်အတွက် တရုတ်ပြည်မကြီးတွင် ဆိုင်ခွဲများဖွင့်လှစ်လျက်ရှိသည်။

ချော်တိုင်းဖု ရတနာအုပ်စု(Chow Tai Fook Jewellery Group )သည် ဧပြီလမှစက်တင်ဘာလအထိ ၆ လတာကာလအတွင်း ပြည်မကြီးတွင် ဆိုင်ခွဲပေါင်း ၃၁၀ ကိုဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုလျင်မြန်စွာထိန်းချုပ်နိုင်ခဲ့သဖြင့်ရတနာအရောင်းဆိုင်များ၏ အရောင်းပမာဏ မှာ  ဇူလိုင်လမှ စက်တင်ဘာလအထိ  ၃ လတာကာလအတွင်း မြင့်တက်လာခဲ့သည်။  

ချော်တိုင်းဖု သည်ဟောင်ကောင်နှင့် မကာအိုတို့တွင်လည်းရတနာများရောင်းချလျက်ရှိပြီး ၎င်းတို့၏ဝင် ငွေအတွက် ပြည်မကြီးသို့လာရောက်လည်ပတ်သောကမ္ဘာလှည့်ခရီးသည်များအပေါ်မှီခိုနေရသည်။သို့ရာ တွင်ဟောင်ကောင်၌အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာလှည့် ခရီးသည်လာရောက်မှုမှာအလွန်အမင်းကျဆင်းလာခဲ့သည်။ 

ချော်တိုင်းဖုသည် ဧပြီလမှစက်တင်ဘာလအတွင်း ဟောင်ကောင်နှင့်မကာအိုမြို့များရှိ အရောင်းဆိုင် ၅ ဆိုင်ကိုပိတ်ခဲ့သည်။

ဟောင်ကောင်ရှိ အလှကုန်လက်လီရောင်းချသည့် ဆာဆာ နိုင်ငံတကာဦးပိုင်ကုမ္ပဏီ (Sa Sa International Holdings ) ၏အရောင်းပမာဏမှာထိုးကျခဲ့သည်။ ဆာဆာ သည် ဧပြီလမှ စက်တင်ဘာ လအတွင်းဟောင်ကောင်ရှိအရောင်းဆိုင် ၆ ဆိုင်ကိုပိတ်ခဲ့ရသည်။ ပိတ်ခဲ့ရသောဆိုင်အများစုမှာ ကမ္ဘာ လှည့်ခရီးသည်များဝယ်ယူမှုများပြားသည့်ဆိုင်များဖြစ်သည်။

ဆာဆာ၏ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် ဆီမွန်ကော့ မှ ဟောင်ကောင်သည် အဆိုးရွားဆုံး ကာလ၏အကျိုးဆက်ကို ခံစားနေရကြောင်း၊ COVID-19  ကူးစက်မှုမှာ သိသိသာသာရှိနေဆဲဖြစ်ကြောင်း ၊ ဆာဆာ သည်ကုန်ကျစရိတ်များကာမိစေရန်ဆိုင်များကိုဆက်လက်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်းတရုတ်ပြည်မကြီးမှဟောင်ကောင်သို့အလည်အပတ်လာရောက်သူမှာ အကြမ်းအား ဖြင့် ၄၃ သန်းခန့်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ရန်ပြည်မကြီးနှင့်ဆက်စပ်သည့်နယ်စပ် များကိုဟောင်ကောင်အာဏာပိုင်များကပိတ်ပစ်ခဲ့သည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်ပထမ ၃ လတာကာလ အတွင်း ပြည်မကြီးမှလာရောက်လည်ပတ်သူ ဦးရေမှာ ၉၃ %  ထိုးကျသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required