အမျိုးဘာသာသနာနဲ့ ဒို့တာဝန်အရေး (၃) ပါးကို အလေးထားတဲ့ပါတီကို မဲပေးခဲ့တယ်လို့ တပ်ချုပ်ပြော

အမျိုးဘာသာသနာနဲ့ ဒို့တာဝန်အရေး (၃) ပါးကို အလေးထားတဲ့ပါတီကို မဲပေးခဲ့တယ်လို့ တပ်ချုပ်ပြော
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင် ဆန္ဒမဲပေးပြီးနောက် တွေ့ရစဉ် (Photo - AFP)

နိုဝင်ဘာ ၈

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၈ရက်မှာ ဇေယျာသီရီမြို့နယ်၊ အနော်ရထာရပ်ကွက်က မဲရုံအမှတ် (၁) မှာ မဲလာပေးခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ နိုဝင်ဘာ ၈ရက်က မဲလာပေးကြတာပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မဲလာပေးချင်တဲ့ အတွက်ကြောင့် ဒီကနေ့ နိုဝင်ဘာလ ၈ရက်မှာ မဲပေးတာလို့ နေပြည်တော်က သတင်းထောက်တွေကို ပြောပါတယ်။

သူ့အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သူ တပ်မတော်နဲ့ လက်တွဲလုပ်ကိုင်နိုင်တဲ့သူ အမျိုးဘာသာသနာကို စောင့်ရှောက်သူကို မဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်ကိုလည်းလက်ခံသွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly