ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကြီးကျယ်ဆုံး တောင်ပံကစားသမားအဖြစ် ဘောလုံးပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီစူပါစတားဟာ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့ပါတယ်။
WINNER: Cristiano Ronaldo
The best winger in Premier League history as voted by the @Football__Tweet community.#TheBest pic.twitter.com/hKHsi0hYGP
— Football Tweet (@Football__Tweet) April 22, 2020
ရော်နယ်လ်ဒိုဟာ ၂၀၀၇-၀၈ ရာသီအတွင်း ပရီမီးယားလိဂ်မှာ ၃၄ ပွဲကစားခဲ့ရာမှာ ၃၁ ဂိုးသွင်းယူပြီး ၇ ကြိမ် ဂိုးဖန်တီးမှုပြုခဲ့ပါတယ်။
အခုအခါ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ယူနိုက်တက် ကစားသမားဘဝတစ်လလျှောက်လုံး ပွဲပေါင်း ၂၉၂ ပွဲကစား၊ သွင်းဂိုး ၁၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။
Football Tweet ရဲ့ တရားဝင် Twitter အကောင့်ပေါ်ကနေ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး တောင်ပံကစားသမားက ဘယ်သူလဲလို့ မေးမြန်းပြီး မဲကောက်ခံခဲ့ရာမှာတော့ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားက လုံးဝ အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။
Who is the best Premier League winger of all time?
The Final:
Gives this post a RT so we can get as many votes as possible.
You have one hour to vote. #TheBest
— Football Tweet (@Football__Tweet) April 22, 2020
မဲပေးရွေးချယ်မှုကို ဆီးမီးဖိုင်နယ်ဆိုပြီး တစ်အုပ်စုမှာ တောင်ပံကစားသမား (၄)ယောက်စီကို အုပ်စု (၄)စု ခွဲချလိုက်ပြီး ပရိသတ်ကို မဲပေးရွေးချယ်ခိုင်းထားပါတယ်။
ဆီမီးအုပ်စု (၁)မှာတော့ ရိုင်ယန်ဂစ်က ပီရက်စ်၊ ကီးဝဲနဲ့ ဒေးမိန်း ဒေါ့ဖ်တို့ကို အသာရပြီး အုပ်စု (၂)မှာတော့ မာရက်ဇ်၊ မာနေးနဲ့ ဂျီနိုလာတို့က ဒေးဗစ်ဘက်ခမ်းကို မကျော်လွှားနိုင်တာကို တွေ့ရပါတယ်။
Who is the best Premier League winger of all time?
You have one hour to vote.
Semi-final 2:
— Football Tweet (@Football__Tweet) April 22, 2020
ဆီးမီးဖိုင်နယ်အုပ်စု (၃)မှာ ပေါ်တူဂီကစားသမား ရော်နယ်လ်ဒိုဟာ ဂါရတ် ဘေးလ်၊ စတာလင်နဲ့ မာ့ခ် အိုဗားမားစ်တို့နဲ့အတူ ပြိုင်ဆိုင်ရာမှာတော့ သိသိသာသားကြီးကို အနိုင်ရခဲ့ပါတယ်။ မဲပေးမှု ၂၅,၀၀၀ ထဲကနေ ရော်နယ်လ်ဒိုက ၇၉.၇ ရာခိုင်နှုန်းအထိ ရရှိခဲ့တာပါ။
Who is #TheBest Premier League winger of all time?
You have one hour to vote.
Semi-final 3:
— Football Tweet (@Football__Tweet) April 22, 2020
ဆီမီးအုပ်စု (၄) မှာကျ ဟာဇက်က ဆာလာ၊ ယွန်းဘတ်နဲ့ မက်မန်နာမန်တို့ကို ကျော်ဖြတ်ပြီး နောက်ဆုံးအဆင့်မှာ ပါဝင်လာပါတယ်။
Who is #TheBest Premier League winger of all time?
You have one hour to vote.
Semi-final 4:
— Football Tweet (@Football__Tweet) April 22, 2020
မဲရွေးချယ်မှုရဲ့ နောက်ဆုံးအဆင့်မှာ ရော်နယ်လ်ဒိုက ရိုင်ယန်ဂစ်၊ ဒေးဗစ် ဘက်ခမ်း၊ ဟာဇက်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး သူက စုစုပေါင်းမဲပေးမှု ၂၇,၀၀၀ ထဲက ၄၉.၁ ရာခိုင်နှုန်းကို ရရှိခဲ့တာဖြစ်ပါတယ်။
Ref; Give me Sport