အမျိုးသမီးလိုဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ လင်ဒီလော့ဖ် တွစ်တာမှာ နာမည်ကြီးနေ

အမျိုးသမီးလိုဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ လင်ဒီလော့ဖ် တွစ်တာမှာ နာမည်ကြီးနေ

မန်ယူအသင်းရဲ့ နောက်ခံလူ လင်ဒီလော့ဖ်ကတော့ အမျိုးသမီးတစ်ယောက်လို ဝတ်စားပြီး ဓာတ်ပုံအရိုက်ခံခဲ့လို့ တွစ်တာပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ ဘောလုံးပွဲစဉ်တွေမှာ ပြိုင်ဖက်ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်လေ့ရှိတဲ့ ကစားသမားကို ဒီလိုပုံစံမျိုးနဲ့ တွေ့လိုက်ရတာကြောင့် ပရိသတ်တွေ အံ့အားသင့်သွားခဲ့တာပါ။

တကယ်တော့ လင်ဒီလော့ဖ်က သူ့ရဲ့ဇနီးသည် မာဂျာ နယ်ဆင်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဆွဲပြီး ထုတ်လုပ်လိုက်တဲ့ အဝတ်အစားတွေကို ကြေညာပေးလိုက်တာပါ။ သူက ဇနီးသည် ထုတ်ထားတဲ့ ဝတ်စုံသစ်ကို ဝတ်ပြပြီး ဆိုရှှယ်မီဒီယာပေါ်မှာ ပိုနာမည်ကြီးသွားအောင် လုပ်ပေးလိုက်တာပါပဲ။

အင်စတာဂရမ်ပရိသတ် သန်းနဲ့ချီပြီးရှိတဲ့ လင်ဒီလော့ဖ်က သူ့ရဲ့ အင်စတာဂရမ်မှာလည်း ဒီဓာတ်ပုံကို တင်သွားခဲ့ပြီး သူ့ရဲ့ဇနီးသည်ကိုယ်တိုင် ဒီဓာတ်ပုံကို ရိုက်ပေးခဲ့တာပါ။

ဒါပေမယ့် ပရိသတ််တွေရဲ့ တုန့်ပြန်မှုကတော့ တော်တော်လေး ဆိုးပါတယ်။ မန်ယူပရိသတ်တွေအနေနဲ့လည်း သူတို့ရဲ့ ကစားသမားကြီးကို အမျိုးသမီးအဝတ်အစားနဲ့ တွေ့လိုက်ရတဲ့နောက် တော်တော်လေး စိတ်ညစ်သွားခဲ့ကြပြီး ပြိုင်ဖက်အသင်း ပရိသတ်တွေကလည်း လှောင်ပြောင်နေကြပါပြီ။

အသက် (၂၅)နှစ်အရွယ် ဆွီဒင်နောက်ခံလူဟာ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာပဲ သူ့ရဲ့ချစ်သူ မာဂျာ နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း အသိပေးခဲ့ပြီး (၂၀၁၈) မေလကုန်မှာ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့နှစ်ယောက်မှာ ရင်သွေးလေး ရရှိနေပြီ ဖြစ်ပြီး ဇနီးသည်ရဲ့ ဖက်ရှင်လုပ်ငန်းကို အပြည့်အဝ ထောက်ပံ့ပေးနေသူပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required