တရုတ်နို်င်ငံအလယ်ပို်င်းတွင် တည်ဆောက်ဆဲ အဆောက်အဦးတစ်ခု ပြိုကျပြီး အလုပ်သမား ၂၃ ဦး သေဆုံး

တရုတ်နို်င်ငံအလယ်ပို်င်းတွင် တည်ဆောက်ဆဲ အဆောက်အဦးတစ်ခု ပြိုကျပြီး အလုပ်သမား ၂၃ ဦး သေဆုံး

ပေကျင်း၊ အောက်တိုဘာ ၃၁ ။             ။ တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ် ဝူယန်စီရင်စုရှိ ပေဝူဒူမြို့တွင် အောက်တိုဘာ ၃၀ ရက်က တည်ဆောက်ဆဲ အဆောက်အဦးတစ်ခု ပြိုကျခဲ့ပြီး အလုပ်သမား ၁၇ ဦးသေဆုံးက ၂၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆောက်အဦး၏ အောက်ခံဖောင်ဒေးရှင်းအပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ယင်းကဲ့သို့ ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း ဝူယူစီရင်စုအစိုးရ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထိခိုက်ခံရသူ ၁၇ ဦးအနက် ကိုးဦးသည် ဒဏ်ရာပြင်းထန်ကြောင်း လူ ၄၀ ကို အပျက်အစီးများအောက်မှ အောက်တိုဘာ ၃၁ နံနက်ပိုင်းတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြိုကျမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို ရဲစခန်းသို့ ခေါ်ယူထားကြောင်းအဆိုပါ ဝဘ်ဆိုက်တွင် ရေးသားထားသည်။ အဆောက်အဦး ပြိုကျရသည့် အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required