မြိတ်၊ဇန်နဝါရီ ၇ ။ ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ကျပ် ၁၀၀၀ တန ်ငွေစက္ကူများကို ယနေ့ (ဇန်နဝါရီလ ၇ ရက်) နံနက်ပိုင်းက မြိတ်မြို့၊ မြန်မာ့ စီးပွားရေးဘဏ်မှ လူတစ်ဦးလျှင် ၁၀၀၀၀ နှုန်းဖြင့် စတင်လဲလှယ်ပေး ခဲ့ကြောင်း သိရသည်။
ငွေကျပ် ၁၀၀၀ တန် လာရောက် လဲလှယ်သူ မြိတ်ဒေသခံ ဦးစိုးမင်းက“ဗိုလ်ချုပ်ကို ချစ်လို့ လာလဲတာ ဖြစ်တယ်၊ အများကြီး လိုချင်ပေမယ့် ဘဏ်က လူတစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့် စတင် လဲလှယ် ပေးပါတယ်”ဟု ပြောသည်။
လာရောက် လဲလှယ်သူများ အနေဖြင့် အမည်၊ ဖုန်းနံပါတ်တို့ကို စာရင်းပေးသွင်းရကြောင်း မြိတ်မြို့၊ မြန်မာ့ စီးပွားရေးဘဏ်မှ ငွေစက္ကူ လဲလှယ်ပေးရေး တာဝန်ခံက ပြောသည်။
မြိတ်မြို့၊ မြန်မာ့ စီးပွားရေး ဘဏ်တွင် ငွေလဲလှယ်ရန် လာရောက် စီတန်းသူများဖြင့် စည်းကားနေသည်။