ပရိဘောဂ အဟောင်းတွေကို အနုပညာနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ Crystal Ice လာပြီ

ပရိဘောဂ အဟောင်းတွေကို အနုပညာနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ Crystal Ice လာပြီ

ပရိဘောဂ အဟောင်းများကို စိတ်ကြိုက်အနုပညာ ပေါင်းစပ်ဖန်တီးမှုနှင့် အသစ်တစ်ခုအဖြစ် ပြောင်းလဲသည့် Crystal Ice (ခရစ်စတယ်အိုက်(စ)) လုပ်ငန်းကို ပြည်တွင်းဈေးကွက်၌ နေရာယူနိုင်ရန် ထိုးဖောက်နေသည်ဟု အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

အလှဆင် ဈေးကွက်သည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ရက်ဆင်ဆေးရည်နှင့် ဖုန်းကာဗာ အလှဆင်ပေးခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ပရိဘောဂ ပစ္စည်းများနှင့် ကြမ်းခင်းအလှဆင်ပေးခြင်းကို နောက်ပိုင်းတွင် စိတ်ကူးရကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းThe Crown Construction&House   Dressing Co.,Ltd အုပ်ချုပ်မှု ဒါရိုက်တာ ကိုထိန်လင်းကပြောသည်။

“ဖန်တီးမှု အကန့်အသတ်မရှိဘူးပေါ့ ကိုယ့်စိတ်ထဲမှာကိုယ် Mood ပါသလို ကိုယ့်ဘာသာကိုယ် ကြိုက်သလို ဖန်တီးလို့ရတယ်။” ဟု ၎င်းကပြောသည်။

ဈေးကွက်သို့ဖြန့်ချိရာတွင်လည်း ဝယ်ယူသူများကို ထုတ်ကုန်အပြင် အနုပညာပါ ရောင်းချခြင်းဖြစ်၍ မိမိအိမ်တွင် ကိုယ်တိုင် စိတ်ကြိုက် အလှဆင်နိုင်ရန် ဝယ်ယူသူများကို သင်ကြားပေးနိုင်ကြောင်းကိုထိန်လင်းကရှင်းပြသည်။

ကျတော်တို့က ခုမှ ဈေးကွက်ကို စပြီးတော့ မြန်မာ ဈေးကွက်ကို ဖောက်တုန်း ဘာအခက်ခဲရှိလည်းဆိုတော့ ဖောက်နေတဲ့ အချိန် မှာ ဒါက လိုက်ကာလိုမျိုးလားလို့  မေးခွန်းပေါင်းများစွာပေါ့” ဟုပြောသည်။

ဝါသနာ၊ တီထွင်မှု အနုပညာပေါင်းစပ်ထားသည့် ရက်ဆင်းဆေးရည်နှင့် အလှဆင်သည့် လုပ်ငန်းသည် မြန်မာပြည်အတွက် စိမ်းနေသေးသည့် ဈေးကွက်တစ်ခု ဖြစ်နေသေးပြီး ဈေးကွက်တိုးချဲ့ နိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်ဟု အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required