ဥရုဂွေး သမ္မတရွေးကောက်ပွဲ အတိုက်အခံပါတီ ကိုယ်စားလှယ်လောင်း အနိုင်ရရှိ

By AFP/ Reuters
29 November 2019
ဥရုဂွေး သမ္မတရွေးကောက်ပွဲ အတိုက်အခံပါတီ ကိုယ်စားလှယ်လောင်း အနိုင်ရရှိ

နိုဝင်ဘာ ၂၉ ။           ။ ဥရုဂွေးနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှာ ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ မဲရေတွက်မှုများအရ ယခုအခါ အတိုက်အခံ ကွန်ဆာတေးဗစ် ပါတီက အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အလားတူ အာဏာရပါတီဘက်ကလည်း ယခု ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း နိုဝင်ဘာ ၂၈ ရက်က ဝန်ခံသွားခဲ့သည်ဟု ဆိုသည်။

အတိုက်အခံ ဥရုဂွေး အမျိုးသား ပါတီက ယင်းတို့၏ သမ္မတလောင်း လက်ယာယိမ်း ဝါဒီ လူးဝစ် လာကဲလ် ပေါင် အနိုင်ရကြောင်း တွစ်တာကနေတဆင့် ပြောသည်။

 

“ ဥရုဂွေးမှာ ခု သမ္မတသစ် တစ်ယောက် ရှိနေပါပြီ” ဟု ယင်းက ဆိုသည်။

အလားတူ လက်ရှိ အာဏာရ ပါတီဘက်က ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သည့် ဒန်နီယယ် မာတီနက်ဇ်ကလည်း ယခု ရွေးကောက်ပွဲ အရှုံးကို ဝန်ခံသွားခဲ့ပြီး သမ္မတသစ် ဖြစ်လာမည့် လူးဝစ် လာကဲလ် ပေါင် အတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်သွားခဲ့သည်။

ယခု ရွေးကောက်ပွဲ ရလဒ်နဲ့အတူ အဆိုပါ တောင်အမေ ရိက နိုင်ငံတွင် ၁၅ နှစ်ကြာ လက်ဝဲဝါဒီ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့ပြီ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required