ဆော်ဒီအာရေးဗျ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရပြီးနောက် ကမ္ဘာ့ရေနံစျေးတွေ ၁၀ ရာခိုင်နှုန်းကျော် တက်လာ

By AFP
16 September 2019
ဆော်ဒီအာရေးဗျ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရပြီးနောက် ကမ္ဘာ့ရေနံစျေးတွေ ၁၀ ရာခိုင်နှုန်းကျော် တက်လာ

စက်တင်ဘာ ၁၆ ။             ။ ဆော်ဒီအာရေးဗျ ရေနံချက်စက်ရုံတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၆ ရက်မှာတော့ ကမ္ဘာ့ရေနံစျေးတွေဟာ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်က ဖြစ်ခဲ့တဲ့ အဆိုပါ တိုက်ခိုက်ခံရမှုက ကမ္ဘာ့ အကြီးဆုံး ရေနံ ထုတ်လုပ်သူ နိုင်ငံရဲ့ ပုံမှန် ရေနံထုတ်လုပ်မှုတွေကို ထက်ဝက်မျှ လျော့ကျသွားစေခဲ့ပါတယ်။

ဒီ တိုက်ခိုက်မှုနဲ့့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ပြစ်တင်ခဲ့သလို ယင်းနိုင်ငံအပေါ် စစ်ရေးအရ အရေးယူတိုက်ခိုက်မှု တစ်ခု ဖြစ်လာနိုင်တဲ့ အလားအလာကိုလည်း မြင့်တက်စေခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာတော့ အမေရိကန် WTI ရေနံစျေးနှုန်းက ၁၀ ဒသမ ၆၈ ရာခိုင်နှုန်း တက်ပြီး တစ်စည်ကို ၆၀ ဒသမ ၇၁ ဒေါ်လာထိ ရောက်ခဲ့ပါတယ်။

အလားတူ Brent ရေနံစျေးကလည်း ၁၁ ဒသမ ၇၇ ရာခိုင်နှုန်း တက်လာခဲ့ပြီး တစ်စည်ကို ၆၇ ဒသမ ၃၁ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။

ဆော်ဒီ ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရမှုကတော့ ကမ္ဘာ့ ရေနံ ဖြည့်သွင်းထောက်ပံ့မှုရဲ့ ၅ ရာခိုင်နှုန်းကျော်ကိုလည်း ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required