ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် နာမည်မသုံးဘဲ ယှဉ်ပြိုင်လိုဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပြော

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် နာမည်မသုံးဘဲ ယှဉ်ပြိုင်လိုဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပြော

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နာမည်များ မသုံးဘဲ ကိုယ်စားလှယ် အချင်းချင်း ယှဉ်ပြိုင်လိုကြောင်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောလှထွန်းကပြောသည်။

သူသည် ချောင်းဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တွင်လည်း ယင်းပါတီမှပင် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

“အခြား ကိုယ်စားလှယ်တွေကို စိန်ခေါ်တဲ့ သဘောပြောတာ မဟုတ်ပါဘူး၊ စိန်ခေါ်နိုင်တဲ့ အကြောင်း ပြောချင်တာပါ၊ ရည်ရွယ်ချက်က မြို့နယ် အကျိုးအတွက်ပါ” ဟု ဦးစောလှထွန်းက ပြောသည်။

ထို့အပြင် လွှတ်တော် ရပ်နားချိန်တွင်လည်း မိမိမြို့နယ် အကျိုးအတွက် ဆောင်ရွက် ခဲ့ကြောင်း၊ မြို့နယ်အပေါ်တွင် သံယောဇဉ်ကြီးစွာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတို့ကြောင့် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် ချောင်းဦးမြို့နယ် အမျိးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်ဆွေအား ဖုန်းဆက်သွယ် မေးမြန်းရာတွင် မည်သည့်မှတ်ချက် တစ်စုံတစ်ရာ မပေးလိုကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ အတွက် ကိုယ်စားလှယ် ၁၆ ယောက် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required