ကိုယ်လိုချင်တဲ့ အစိုးရမျိုးဖြစ်ဖို့ မဲတစ်ပြားကို တန်ဖိုးထားကြပါလို့ အနုပညာရှင်များပြော

ကိုယ်လိုချင်တဲ့ အစိုးရမျိုးဖြစ်ဖို့ မဲတစ်ပြားကို တန်ဖိုးထားကြပါလို့ အနုပညာရှင်များပြော

နိုဝင်ဘာ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသည့် အပြောင်းအလဲ တစ်ခုဟု အနုပညာရှင်များက ဆိုကာ စနစ်တကျ မဲပေးကြရန်နှင့် မိမိတို့ လိုလားသည့် အစိုးရကို ဖန်တီးပေးနိုင်မည့် မဲတစ်ပြားကို တန်ဖိုးထားကြရန် အမျိုးသမီး အနုပညာရှင်များက တိုက်တွန်းထားသည်။

ရုပ်ရှင်သရုပ်ဆောင်၊ တေးသံရှင်များ၏ လာမည့် ရွေးကောက်ပွဲအပေါ်အမြင်နှင့် မဲပေးမည့် ပြည်သူများကို အမျိုးသမီး အနုပညာရှင်တို့၏ တိုက်တွန်းထားချက်များကို မဇ္ဈိမက ပြန်လည် ဖေါ်ပြလိုက်ပါသည်။

 

 “ကိုယ့်ရဲ့ မဲတစ်ပြား တိုင်းဟာ ကိုယ့်ရဲ့ ဘဝတွက် အရေးကြီးသိလို ကိုယ် ရှင်သန်လှုပ်ရှားနေတဲ့ ကိုယ့်မိသားစု ဘဝတွက်လည်း အရေးကြီးပါတယ်။ အဲဒီအပြင် ကိုယ့်ကနေဆက်ပြီးတော့ Generation  to Generation  အမွေပေးထားနိုင်တဲ့ အမွေလည်း ဖြစ်ပါတယ်။ အဲတော့ မဲတစ်ပြားလေးနဲ့ မတို့တိုင်းပြည်ကို အကောင်းဆုံး လုပ်နိုင်မယ့် ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်တဲ့အတွက် မဲတစ်ပြားဟာ အရမ်းအရေးကြီးပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

အဲတော့ မဲတစ်ပြားကို ပေးပိုင်ခွင့်ရှိခြင်းဟာ မဲစာရင်းထဲမှာ ပါဝင်မှသာ မဲပေးပိုင်ခွင့် ရှိပါတယ်။ အဲဒီ အတွက်ကြောင့်မို့လို့ ကိုယ်သည် မဲစာရင်းထဲမှာ ပါဝင်လာသည်အထိ မှန်ကန်စွာ ပါဝင်လာသည်အထိ စစ်ရမှာ ပြည်သူတွေရဲ့ တာဝန်ပါ။ အဲတော့ မှားနေတယ် ဖြစ်ပေါ်နေတဲ့ မှားတွေကို ဘယ်လိုဖြေရှင်းကြမယ် နည်းစနစ်တွေကို လေ့လာပြီးတော့ သေသေချာချာ ကိုယ့်နာမည်ကို တိကျစွာ ပါဝင်လာသည့်အထိ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်” ချစ်သုဝေ

 

 “ကျွန်မတို့ ပြည်သူပြည်သားတွေ အတွက် မဲပေးခွင့်ဆိုတာ အရေးကြီးပါတယ် အခု မဲစာရင်းတွေ မှားယွင်း လျက်ရှိနေပါတယ်။ ပြင်မယ်လို့လဲ ကော်မရှင်က ကြေငြာထားပါပြီး အဲတော့ ပြင်ပေးနိုင်ဖို့လဲ သွားစစ်ဖို့ လိုပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေ အနေနဲ့ အခွင့်ရေးယူတာလည်း ဖြစ်ပါတယ်။ တာဝန် ယူတာလည်း ဖြစ်ပါတယ်။ နှစ်ခုစလုံးအတွက် မဲစာရင်းစစ်ပေးပါ အမှားရှိရင်လည်း ပြင်ပေးပါ။ ဒီမဲတစ်ပြားဟာ ဒီမိုကရေစီ စနစ်မှာပေါ့နော် အများကြီး ကိုယ့်ကို ပုံဖော်စေချင်တယ်။ ကိုယ့်လူမှု အဖွဲ့စည်းကို ဘယ်လို ပုံဖော်ပေးနိုင်မလဲဆိုတဲ့ အစိုးရမျိုးကို မမီတို့ ကိုယ်တိုင် ဖန်တီးခွင့်ရတဲ့ အရာမျိုးပါ အဲတော့ ဒီမဲတစ်ပြားဟာ တန်ဖိုးရှိတဲ့ အရာပါလို့ မမီ ပြောချင်ပါတယ်” မီမီဝင်းဖေ

 

 

  “နိုင်ငံသားတိုင်း ကိုယ့်လက်ထဲမှာ ရှိတဲ့ တန်ဖိုးရှိတဲ့ မဲတစ်ပြားနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပြောင်းလဲဖို့ ဒီမဲစာရင်း စစ်ခြင်းဟာ ပထမအခွင့်ရေးပါ။ ဒီမဲစာရင်း မစစ်လို့ရှိရင် ကိုယ်ဘယ်လောက် ပြောင်းချင် မပြောင်းချင် မဲပေးတဲ့ နေ့မှာ ကိုယ့်ရဲ့နာမည် မပါရင် ပြောင်းလို့ မရပါဘူး။ ဒါကြောင့် လူတိုင်း မဲစာရင်း စစ်ကြပါလို့ ပြောချင်ပါတယ်။  မတို့လက်ထဲမှာ ရှိတဲ့ မဲတစ်ပြားဟာ မတို့တိုင်းပြည်ရဲ့ ကံကြမ္မာ အကောင်းဆုံး ဖြစ်အောင် ပြောင်းလဲ ပေးနိုင်ပါတယ်။ ကိုယ်တိုင် အနာဂတ်ပြောင်းလဲဖို့ လူတိုင်းကိုယ်စီ မဲပေးစို့ လို့ ပြောချင်ပါတယ်။” ကြည်ဖြူသျှင်

 

 

 

 “မဲတစ်မဲရဲ့  တန်ဖိုးကိုတော့ ပြောချင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထူက မဲပေးပိုင်ခွင့်ဆိုတာ ပြည်သူ ပြည်သားတိုင်းမှာရှိတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အဲတော့ ဒီမဲတစ်မဲ ကိုယ့်လက်ထဲမှာ ရှိတဲ့ မဲတစ်မဲဟာ ကျွန်မတို့ လိုချင်တဲ့ အစိုးရကို ရအောင် ပြောင်းနိုင်တယ်ဆိုတဲ့ အသိလေး ရှိစေချင်ပါတယ်။ ဒါကြောင့် ဒီမဲဟာ အရမ်းကို တန်ဖိုးရှိတဲ့အတွက် လူတိုင်းမဲရုံကို သွားကြစေချင်ပါတယ်” သံသာဝင်း

 

 

 

 “ပြည်သူလူထ ုအားလုံးကို ပြောချင်တာက ကောင်းကောင်း အခွင့်အရေးသည် လူ့ဘဝမှာ တစ်ကြိမ်မဲ ရတယ်။ ဒါကျွန်မ သိသလောက်ကိုနော် နောက်တစ်ခါလာဖို့ဟာ အင်မတန်ခဲယဉ်းတယ်။ ကိုယ့်ရဲ့ ဘဝကို ပြောင်းမယ့် ကိုယ့်ရဲ့ မိသားစုကို ပြောင်းမယ့် ကိုယ့်တိုင်းပြည်ကို ပြောင်းမယ့် အကြောင်းအရာက ဒီမဲတစ်ပြားပဲ ရှိတယ်။ အခြားနိုင်ငံတွေမှာလည်း တွေ့ဘူးမှာပါ ဒီမဲ ငါမပေးလဲ ကိစ္စမရှိပါဘူးလို့ အဲလိုမတွက်ပါနဲ့ အုပ်တစ်ချပ် သဲတစ်ပွင့်က အမြဲတမ်းအရေးကြီးတယ်။ ဘယ်လောက်ကဲ နိမ့်နိမ့် ဘယ်လောက်ပဲ မြင့်မြင့် ကိုယ်လုပ်စရာ ရှိတာ လုပ်ပါ။ ဒီအခွင့်ရေးကို အရ ဆုပ်ယူပြီး ပေးကြပါလို့နော်” နွဲ့ယဉ်ဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required