ရေခဲ surfboard တီထွင်လိုက်တဲ့ နော်ဝေး ရေလွှာလှိုင်းစီးအားကစားသမား

ရေခဲ surfboard တီထွင်လိုက်တဲ့ နော်ဝေး ရေလွှာလှိုင်းစီးအားကစားသမား

မတ် ၁၉  ။     ။ နော်ဝေးနိုင်ငံ၊ အာတိတ်စက်ဝိုင်းမြောက်ဘက်ခြမ်းက လိုဖိုတန်ကျွန်းစုမှာ နေထိုင်တဲ့ ရေလွှာလှိုင်းစီး အားကစားသမား အင်ကီ ဝက်ကီဟာ လှိုင်းစီးဖို့အတွက် ရေခဲ surfboard တွေကို တီထွင်လျက်ရှိတယ်လို့ သိရပါတယ်။

အင်ကီရဲ့ ရေခဲ surfboard ဟာ ကီလိုဂရမ် ၆၀-၈၀ ကြား (၁၃၂-၁၇၆ ပေါင်ကြား)ရှိပြီး သာမန် surfboard တွေထက် ၃ ကီလိုဂရမ်ပိုလေးပါတယ်။

သယ်ယူရခက်ခဲပြီး လှိုင်းစီးပြီး မိနစ်ပိုင်းအကြာမှာပဲ အရည်ပျော်သွားနိုင်တဲ့ ရေခဲ surfboard ကို တီထွင်ဖို့ အင်ကီက ၉လကြာ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။

“ရေခဲ surfboard တီထွင်မယ်လို့ လူတွေကို ပြောပြတော့ သူတို့က ဒါကိုမဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ ဒါကိုကျွန်တော်မဖြစ်ဖြစ်အောင်လုပ်ခဲ့တယ်။”လို့ အင်ကီကပြောပါတယ်။

“ပထမဆုံးစစီးတဲ့ မိနစ်၂ဝအတွင်းမှာဆို လှိုင်းစီးလို့ရတယ်ဆိုရုံလေးပဲ။ နောက် ၂ မိနစ်၊ ၃ မိနစ်ဆိုရင်တော့ လှိုင်းစီးရတာ အရမ်းမိုက်သွားပြီ။ ကြာကြာတော့မခံပါဘူး။”လို့ အင်ကီက သူ့ရဲ့ ရေခဲ surfboard အကြောင်းကိုရှင်းပြပါတယ်။

အင်ကီနဲ့ သူ့သူငယ်ချင်းတွေဟာ ခဲနေတဲ့ရေကန်က ရေခဲတွေကို လွှနဲ့ဖြတ်ယူပြီး အဆိုပါရေခဲတွေကို အပူချိန်အနှုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့ အခန်းမှာ ထားပြီးမှ ဘုတ်ပြားတစ်ချပ်ဖြစ်လာအောင် ပြုလုပ်ရတာဖြစ်ပါတယ်။

ရေလွှာလှိုင်းစီးသမားတွေ ခြေမချော်အောင် surfboard ပေါ်မှာ ရေညှိတွေကို တပ်ပေးထားတယ်လို့ သိရပါတယ်။

“နောက်တစ်ခေါက်ဆိုရင် surfboard အခု ၂၀၊ ၃၀ လောက်လုပ်ပြီး တစ်ရက်ထဲမှာပဲ အဲဒါတွေအကုန်လုံးနဲ့ လှိုင်းစီးမယ်။ ကျွန်တော်တို့ မဖြစ်ဖြစ်အောင်လုပ်မှာပါ။”လို့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရေလွှာလှိုင်းစီး အားကစားသမား အင်ကီကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required