တူရကီရှိ အစ်စတန်ဘူလ်မြို့တွင် လမ်းဘေးတိရိစ္ဆာန်များအား တာဝန်ရှိသူများမှ လိုက်လံပြုစုစောင့်ရှောက်

တူရကီရှိ အစ်စတန်ဘူလ်မြို့တွင် လမ်းဘေးတိရိစ္ဆာန်များအား တာဝန်ရှိသူများမှ လိုက်လံပြုစုစောင့်ရှောက်

ဖေဖော်ဝါရီ ၁၈ ။         ။    တူရကီနိုင်ငံ၊ အစ်စတန်ဘူလ်မြို့မှာ တိရိစ္ဆာန်ဆရာဝန်တွေနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်တွေဟာ လမ်းပေါ်က ပိုင်ရှင်မဲ့ခွေးတွေ၊ ကြောင်တွေကို လိုက်လံပြုစုစောင့်ရှောက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

တိရိစ္ဆာန်ဆရာဝန်တွေနဲ့ မြို့တော်စည်ပင်သာယာရေးအဖွဲ့ဝင်တွေဟာ ဒဏ်ရာရနေတဲ့ လမ်းဘေးခွေးတွေ၊ ကြောင်တွေကို ဆေးထိုးပေးကာ လိုအပ်တဲ့ ဆေးဝါးတွေ၊ စက်ပစ္စည်းတွေနဲ့ ကုသပေးနေကြတာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ချမှတ်လိုက်တဲ့ တိရိစ္ဆာန်ကာကွယ်ရေးဥပဒေအရ အစ်စတန်ဘူလ်မြို့ လမ်းကြိုလမ်းကြားတွေ၊ မြို့ပြင်နားမှာ ကျက်စားနေတဲ့ ပိုင်ရှင်မဲ့ခွေး ၁၃၀၀၀၀ ကောင်နဲ့ ကြောင် ၁၆၅၀၀၀ ကောင်ကို ကာကွယ်ဆေးထိုးပေးဖို့ မြို့တော်စည်ပင်သာယာရေးအဖွဲ့နဲ့အတူ တိရိစ္ဆာန်ဆရာဝန်တွေက ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အဆိုပါဥပဒေချမှတ်လိုက်ချိန်ကစပြီး ၂၀၁၈ ခုနှစ်အထိ တိရိစ္ဆာန် ၇၃၀၆၈ ကောင်ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီးဖြစ်သလို ၂၀၁၆ ခုနှစ်ကစပြီး အစ်စတန်ဘူလ်မြို့ထဲမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားတာမျိုး မရှိတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစ်စတန်ဘူလ်မြို့တွင်းနဲ့ အနီးတစ်ဝိုက်က တောအုပ်တွေမှာ ကျက်စားနေတဲ့ ပိုင်ရှင်မဲ့ ခွေးလေး၊ ကြောင်လေးတွေအတွက် စားနပ်ရိက္ခာကိုလည်း တာဝန်ရှိသူတွေက နေ့စဉ်လိုက်လံကျွေးမွေးလျက်ရှိကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required