ပီရူးနိုင်ငံ၊ လီမာမြို့တွင် လေယာဉ်ငယ်တစ်စင်းပျက်ကျ၊ ၂ ဦးဒဏ်ရာရ

ပီရူးနိုင်ငံ၊ လီမာမြို့တွင် လေယာဉ်ငယ်တစ်စင်းပျက်ကျ၊ ၂ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၅ ။            ။ ယမန်နေ့၊ မနက်ပိုင်း ၁၁ နာရီ၊ မိနစ် ၂၀ ခန့်က ပီရူးနိုင်ငံ၊ လီမာမြို့လယ်ခေါင်မှာ ပီရူးလေတပ်ရဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

ပျက်ကျလာတဲ့ အဆိုပါလေယာဉ်ငယ်ဟာ လမ်းပေါ်မှာ ရပ်ထားတဲ့ ကားတစ်စီးကို ဝင်တိုက်ခဲ့ရာ လေယာဉ်မောင်းနှင်လာတဲ့ လေယာဉ်မှူးနဲ့ လေယာဉ်မှူးအကူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"ဒီလေယာဉ်ကို စမ်းမောင်းနေကြတာ။ လေ့ကျင့်ရင်းနဲ့ ဆင်းမယ့်နေရာကို မရောက်ဘဲ လေယာဉ်ပျက်ကျပြီး ခုလိုဖြစ်ကုန်တာ။"လို့ ပီရူးလေတပ်ရဲ့ ဗိုလ်ကြီးဖြစ်သူ ရောဘတ်ဘာဇီရီယက်စ်က ပြောပါတယ်။

ဒဏ်ရာအနည်းငယ်ရသွားတဲ့ လေယာဉ်မှူးနဲ့ လေယာဉ်မှူးအကူတို့ကို ဆေးရုံတင်ထားကြောင်း၊ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပီရူးအာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required