အီဂျစ်မှာ ရှေ့ခေတ် မမ်မီ ရုပ်အလောင်း ၄၀ ကျော် ရှာဖွေတွေ့ရှိ

အီဂျစ်မှာ ရှေ့ခေတ် မမ်မီ ရုပ်အလောင်း ၄၀ ကျော် ရှာဖွေတွေ့ရှိ

ဖေဖော်ဝါရီ ၃ ။             ။ အီဂျစ်နိုင်ငံ အလယ်ပိုင်း သင်္ချိုင်းနေရာတစ်ခုမှာ ရှေ့ခေတ် ဂရိ မမ်မီ ရုပ်အလောင်း ၄၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီဂျစ် သုတေသီတွေက ပြောပါတယ်။

လူကြီး၊ ကလေး၊ တိရစ္ဆာန် တွေ ပါဝင်တဲ့ အဆိုပါ မမ်မီ အလောင်းတွေကိုတော့ နိုင်ငံအလယ်ပိုင်း မင်ယာ ဧရိယာက မြေအောက်ခန်းတစ်ခုထဲမှာ အခေါင်းတွေထဲမှာ ထည့်ထားလျက်အတိုင်း ဒါမှမဟုတ် မြေကြီးပေါ်မှာ ချထားလျက် ရှိတာကို တွေ့ရှိရတာဖြစ်ကြောင်း ရှေ့ဟောင်းသုတေသနဝန်ကြီး ခါလပ်ဒ် အယ်လ် အီနန်နီက ပြောပါတယ်။

ယင်း မမ်မီ တွေထဲမှာ ကလေး ၁၂ ယောက်၊ တိရစ္ဆာန် ခြောက်ကောင် တို့ ပါဝင်ပြီး ကျန်တဲ့ ရုပ်အလောင်းတွေကတော့ ကျား၊ မ လူကြီးအရွယ်တွေ ဖြစ်ကြောင်း အီဂျစ် ရှေ့ဟောင်းသုတေသီ ရာမီ ရက်စ်မီကလည်း သတင်းထောက်တွေကို ပြောပါတယ်။

ယခု တွေ့ရှိတဲ့ မမ်မီတွေကတော့ ရှေ့ခေတ် တော်လမီ မင်းဆက် လက်ထက်နဲ့ ပတ်သက်နေဖွယ် ရှိကြောင်း အီဂျစ် ရှေ့ဟောင်းသုတေသန ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယမန်နှစ် ဖေဖော်ဝါရီတုန်းက စလုပ်ခဲ့တဲ့  မြေတူးဖော်မှုတစ်ခုအတွင်း အဆိုပါ မင်ယာ သင်္ချိုင်းဂူနေရာကို ရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required