မြန်မာသင်္ဘောသား အများစုလိုက်ပါတဲ့ ကုန်တင်သင်္ဘော တရုတ်အရှေ့ကမ်းလွန်မှာ နစ်မြုပ်

မြန်မာသင်္ဘောသား အများစုလိုက်ပါတဲ့ ကုန်တင်သင်္ဘော တရုတ်အရှေ့ကမ်းလွန်မှာ နစ်မြုပ်
A cargo ship. Photo: AFP

တရုတ််အရှေ့ကမ်းလွန်မှာ မြန်မာသင်္ဘောသား အများစုလိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စီး ဗုဒ္ဓဟူးနေ့က နစ်မြုပ်ခဲ့ရာမှာ တစ်ဦးသေဆုံးပြီး ဆယ်ဦး ပျောက်ဆုံးနေကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

 လူ ၁၅ ဦးလိုက်ပါလာတဲ့ အဆိုပါ ကုန်တင်သင်္ဘောဟာ ရှီကျန်းပြည်နယ် တိုင်ကျို့မြို့ အရှေ့ဖက် ရေမိုင် ၉၀ အကွာမှာ ဒေသစံတော်ချိန် ညနေ လေးနာရီခွဲဝန်းကျင်မှာ နစ်မြုပ်ခဲ့တာဖြစ်ကြောင်း ဌာနေရေကြောင်းအာဏာပိုင်တွေကို ကိုးကားပြီး ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

 မီတာ ၈၀ အရှည်ရှိတဲ့ ဒီကုန်တင်သင်္ဘောဟာ  မြန်မာသင်္ဘောသား ၁၄ ဦးနဲ့ ထိုင်ဝမ်နိုင်ငံသား တစ်ဦးတို့ကို တင်ဆောင်ပြီး ထိုင်ဝမ်ဆိပ်ကမ်း ကောင်ရှုန်းဆိပ်ကမ်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

 သင်္ဘောနစ်မြုပ်မှုမှာ ခုချိန်ထိ လူလေးဦးကိုတော့ ရှာဖွေကယ်ဆယ်ထားနိုင်ကြောင်း ဆင်ဟွာက ဖော်ပြပါတယ်။

 ကျွန်းနိုင်ငံဖြစ်တဲ့ ပလောင်းနိုင်ငံ မှတ်ပုံတင််ထားတဲ့ ဒီကုန်တင်သင်္ဘော နစ်မြုပ်မှုမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေဟာ ကမ်းခြေစောင့်တပ်ရေယာဉ်တွေနဲ့ လေယာဉ်တွေနဲ့ပါ ဆောင်ရွက်နေကြောင်း ထိုင်ဝမ် အမျိုးသားကယ်ဆယ်ရေး စင်တာက ထုတ်ပြန်ပါတယ်။

 သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required