ကြံခင်းထဲမှာ ပြန်ရှာတွေ့ခဲ့တဲ့ မြန်မာကလေးငယ်အလောင်းမှာ ဒဏ်ရာတွေ တွေ့ရှိဟု ထိုင်းရဲ ပြော

ကြံခင်းထဲမှာ ပြန်ရှာတွေ့ခဲ့တဲ့ မြန်မာကလေးငယ်အလောင်းမှာ ဒဏ်ရာတွေ တွေ့ရှိဟု ထိုင်းရဲ ပြော
Police cordon off a spot at a sugarcane plantation where Sului Piew, a 2-year-old boy from Myanmar is found dead on Tuesday after the boy went missing on Dec 17. (Photo taken from @wearesuphanburi Facebook...

ဒီဇင်ဘာ ၂၆ ။           ။ ထိုင်းနိုင်ငံ Suphan Buri ပြည်နယ်၊ U Thong ခရိုင်မှာ သီတင်းပတ်တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အသက် ၂ နှစ်အရွယ် မြန်မာကလေးငယ်ကို ယမန်နေ့က ပြန်ရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။

ထိုင်းတာဝန်ရှိသူတွေက ယင်းကလေးငယ်ကို သေဆုံးလျက်သား ပြန်တွေ့ရှိခဲ့တာဖြစ်ပါတယ်။  

ယင်း ပျောက်ဆုံးကလေးငယ်ကို ပြန်ရှာတွေ့ဖို့အတွက် ဧကရာချီ ကျယ်ဝန်းတဲ့ ကြံတောနေရာ အနှံ့ ထိုင်းအာဏာပိုင်တွေက ကြိုးပမ်းရှာဖွေခဲ့ကြပါတယ်။

ရှာဖွေတွေ့ရှိချိန်မှာတော့ ယင်း ကလေးငယ် ယောကျ်ားလေးမှာ တိုက်ခိုက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရှိရတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

အဆိုပါ ပျောက်ဆုံးကလေးငယ်ကို ကြံတောထဲမှာ ရှာဖွေရာမှာ လူပေါင်း ၇၀၀ လောက် ပါဝင်ပူးပေါင်းခဲ့ကြတယ်လို့ Suphan Buri ပြည်နယ် အုပ်ချုပ်ရေးမှူး Nimit Wanchaithanawong က ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားဖြစ်တဲ့ Salui Piew ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်တုန်းက သူ့ မိဘတွေ အလုပ်လုပ်နေတဲ့ ကြံခင်းအနီးမှာ ကစားနေရင်းကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

၎င်းကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ယမန်နေ့ ညနေ ၄ နာရီခွဲလောက်မှာ သူ ပျောက်ဆုံးသွားတဲ့ နေရာရဲ့ ၅ ကီလိုမီတာအကွာမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ပြောပါတယ်။

အလောင်းပြန်ရှာတွေ့ချိန်မှာတော့ ယင်းကလေးငယ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာတွေ ရရှိထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ယင်း ကောင်လေးသေဆုံးရခြင်းရဲ့အကြောင်းရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးဖို့အတွက် ယမန်နေ့ကတော့ အလောင်း ခွဲစိတ်စစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Hunt ends in tragedy

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required