အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သြစတြေးလျ အသိအမှတ်ပြု

အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သြစတြေးလျ အသိအမှတ်ပြု

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၅ ။           ။ အနောက်ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် သြစတြေးလျနိုင်ငံက အသိအမှတ်ပြုပြီဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့မော်ရီဆန်က စနေနေ့မှာ ပြောလိုက်ပါတယ်။

ဒါပေမယ့် တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး မပေါ်ပေါက်မချင်း တဲလ်အဗစ်က သြစတြေးလျသံရုံးကိုတော့ ရွှေ့ပြောင်းမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါအပြင် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလာပြီးရင် အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းရဲ့ မြို့တော်အဖြစ် အတည်အမှတ် ပြုသွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

“ခုအခါမှာ သြစတြေးလျနိုင်ငံဟာ အနောက်ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။”လို့ ဆစ်ဒနီမှာ စနေနေ့က မိန့်ခွန်းပြောကြားရာမှာ မော်ရီဆန်က ပြောခဲ့ပါတယ်။

သံရုံးကို ဂျေရုဆလင်ဆီ မပြောင်းရွှေ့သေးပေမယ့် ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးရုံးတွေကိုတော့ အနောက်ဂျေရုဆလင်မှာ ဖွင့်လှစ်သွားမယ်လို့ မော်ရီဆန်က ဆိုပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ဂျေရုဆလင်ကို ၎င်းတို့ရဲ့ မြို့တော်အဖြစ် အသီးသီး အတည်ပြုထားကြတာ ဖြစ်ပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required