စစ်ရေးတေ့ဆိုင်မှု ဖြစ်ပြီးနောက် တရုတ်နဲ့ အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်၊ နှစ်ဖက်စစ်သားတွေ အတူတွဲကာ ကခုန်

စစ်ရေးတေ့ဆိုင်မှု ဖြစ်ပြီးနောက် တရုတ်နဲ့ အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်၊ နှစ်ဖက်စစ်သားတွေ အတူတွဲကာ ကခုန်

နယူးဒေလီ၊ ဒီဇင်ဘာ ၁၄ ။    ။ ပြီးခဲ့တဲ့ နှစ်က စစ်ရေး တေ့ဆိုင်မှု လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်ခဲ့ပြီးနောက်မှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံဟာ ပထမဆုံးအဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်ကြပါတယ်။

အိန္ဒိယစစ်တပ်က ထုတ်လွှင့်လိုက်တဲ့ ဗီဒီယိုဖိုင််တစ်ခုမှာတော့ နှစ်နိုင်ငံစစ်သားတွေ ပျော်ရွှင်စွာ အတူကခုန်နေကြတာ၊ ဘောလုံးကန်နေကြတာတွေကို  မြင်တွေ့ရပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဟိမဝန္တာက အငြင်းပွား ဒေါ့လမ်းအရပ်မှာ  တရုတ်စစ်သားတွေဟာ အဆောက်အအုံတွေ ဆောက်လုပ်ပြီး လမ်းတွေ ဖောက်လုပ်လာကြတာကြောင့် အိန္ဒိယဟာ စစ်တပ်တွေ စေလွှတ်ပြီး ရပ်တန့်အောင် လုပ်ဆောင်ခဲ့ရပါတယ်။

ဒီအတွက် ၁၉၆၂ ခုနှစ်မှာ စစ်ဖြစ်ထားဖူးတဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ စစ်ရေးတေ့ဆိုင်မှု ဖြစ်ခဲ့တာပါ။  ဒေါ့လမ်းအရပ်မှာ စစ်တပ်ချင်း တေ့ဆိုင်မှု ဖြစ်ပြီး နှစ်လကြာမှ တပ်တွေ ပြန်ရုပ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို စစ်တပ်ချင်း ထိပ်တိုက််အခြေအနေကြောင့် ပူးတွဲစစ်ရေးလေ့ကျင်မှု မပြုလုပ်နိုင်ခဲ့ဘဲ ခုချိန်မှ ပြုလုပ်တာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required