တရားလို မလာရောက်၍ ဒါရိုက်တာမိုက်တီးအမှု ရုံးချိန်း ထပ်ချိန်း

တရားလို မလာရောက်၍ ဒါရိုက်တာမိုက်တီးအမှု ရုံးချိန်း ထပ်ချိန်း
ပထမဆုံးအကြိမ် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ်။ ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။          ။ တရားလိုစစ်ဆေးရန်ချိန်းဆိုထားသော  ဒါရိုက်တာ မိုက်တီးအမှုတွင် တရားလိုဖြစ်သည့် ရဲအုပ်ညွန့်ဝင်း မလာရောက်သောကြောင့် တာမွေမြို့နယ်တရားရုံးမှ ရုံးချိန်းကို လာမည့်အပတ်သို့ ချိန်းဆိုလိုက်သည်။

တရားလိုနှင့် လိုပြသက်သေ စစ်ဆေးရန်အတွက် တာမွေတရားရုံးတွဲဖက်မြို့နယ်တရားသူကြီး ၁ က ဒီဇင်ဘာ ၁၉ ရက်သို့ ချိန်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဒါရိုက်တာမိုက်တီးသည် သြဂုတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက် အရှေ့ မြင်းပြိုင်ကွင်းလမ်း အထက (၃) ရှေ့တွင် မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေနေစဉ် သန်းထွန်းဇော်(ခ) မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မီးခိုးရောင် မျက်မှန်ဘူးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြား ၁ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ ပြား အလေးချိန် ၂.၆ ဂရမ် တို့နှင့်အတူ ရှာဖွေသိမ်းဆည်းမိသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

ယင်းနောက် ဒါရိုက်တာမိုက်တီးအား တာမွေမြို့မရဲစခန်းမှာ မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 

အလားတူ မူးယစ်ဆေးဝါးမှုနှင့်တရားရင်ဆိုင်နေရသည့် သရုပ်ဆောင် မိုးအောင်ရင်ကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၁၂တွင် အမိန့်ချမှတ်ထားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly