2018 Women in Business and Leadership Conference ကျင်းပ

2018 Women in Business and Leadership Conference ကျင်းပ

ရန်ကုန် ၊နိုဝင်ဘာ   ၁၇ ။          ။  မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ မြှင့်တင်ပေးနိုင်ရေးဆွေးနွေးပွဲ 2018 Women in Business and Leadership Conference ကို နိုဝင်ဘာလ ၁၇ ရက်နေ့၊နံနက်ပိုင်းက ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို AustCham Myanmar က ဦးဆောင်၍ ၃ ကြိမ်မြောက်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အဓိကအားဖြင့် အမျိုးသမီးလုပ်ငန်းရှင်လူငယ်များ တက်ရောက်ခဲ့ကြသည်။

"နိုင်ငံရဲ့အချက်အခြာကျတဲ့အခန်းကဏ္ဍမှာ၊ စီးပွားရေးကဏ္ဍတွေမှာအမျိူ းသမီးထုတွေ ပိုပြီးပါဝင်လာနိုင်ဖို့လိုအပ်သေးတယ်။ ပိုပြီးပါဝင်လာနိုင်လေကောင်းလေပါပဲ။ ဒီဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကလည်း စီးပွားရေးကဏ္ဍဦးဆောင်မှုနယ်ပယ်တွေမှာ အမျိုးသမီးထုပါဝင်လာနိုင်ခြင်းဖြင့် ရေရှည်တည်တံ့တဲ့စီးပွားရေးကိုဦးတည်တာဖြစ်တဲ့အတွက် အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်လေ စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်လာမှာဖြစ်သလို တစ်ဖက်မှာလည်း လုပ်ငန်းခွင်ပိုင်းဆိုင်ရာမှာဆိုရင်လည်း တန်းတူညီမျှရရှိလာမှုတွေ အခွင့်အရေးတွေများများရလေလေ သူ့ရဲ့လုပ်ငန်းကတိုးတက်လာမယ်ဆိုတာကို ယုံကြည်ထားပါတယ်။" ဟု အဆိုပါ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ မကြူ ကြူသင်းက ပြောသည်။

ထို့ပြင် အမျိုးသမီးများ စီးပွားရေးနယ်ပယ်တွင် ဦးဆောင်မှုအားနည်းခြင်းသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် သက်ဆိုင်နေပြီး မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ မဟုတ်ဘဲ အခြားသောနိုင်ငံများတွင်လည်း ယင်းသို့ရှိနေကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမှုနည်းခြင်း၊ များခြင်းရှိကြောင်း၊ ယဉ်ကျေးမှုခံယူချက်အရမြင်နေသည့်အမြင်များကို ယခုချိန်အထိ ကြုံ တွေ့နေရဆဲဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

2018 Women in Business and Leadership Conference တွင် မြန်မာနိုင်ငံ၏စီးပွားရေးနယ်ပယ်အတွင်း ဦးဆောင်မှုအခန်းကဏ္ဍ၌ ပါဝင် လှုပ်ရှားနေကြသည့် အမျိုးသမီးများ၏ အခက်အခဲ၊ စိန်ခေါ်မှုနှင့် အတွေ့အကြုံများကို ဆွေးနွေးဖလှယ် ခဲ့ကြသည်။

"အရင်​ကလည်​း အမျိုးသမီးခေါင်​း​ဆောင်​​တွေရှိ​တော့ ရှိတယ်​။ နည်းတယ်​​ပေါ့ ၊အခု​နောက်​ပိုင်​းမှာတော ့ မြန်​မာအမျိုးသမီးတွေ ပါလာကြတာ​ တွေ့ရတယ်​။ အပိုင်​းက ၂ ပိုင်​းရှိတယ်​။ တစ်​ပိုင်​းက များလာတဲ့အပိုင်​းရယ်​၊နောက်​တစ်​ပိုင်​း က ရှိ​နေတဲ့အမျိုးသမီးတွေ ပိုပြီးမြင်​သာလာတဲ့အပိုင်​း​ပေါ့ ၊အခု အ​နေအထားအရ​ပေါ့၊ အမျိုးသမီး​တွေအ​ပေါ် သံသယရှိ​နေကြ​သေးတယ်​။ ဒါကလည်​း အရင်​တုန်​းကတည်​းက ​နေရာမရခဲ့ရတဲ့ အပိုင်​း​လေး​တွေရှိတယ်​။ စီပွား​ရေးနဲ့ပတ်​သက်​တဲ့ ကိစ္စတွေမှာဆို အမျိုးသမီးတွေ စဝင်​လာတယ်​။ အဲဒီအ​ပေါ်မှာ သံသယရှိ​နေတာ​တွေ​တော့ ရှိတယ်​​ ပေါ့။ ဒါ​တွေက​တော ကြုံ​နေရမှာပါ့။ ဒါ​ပေမယ်​့ အခု​နောက်​ပိုင်​းမှာ​တော့ ဒါ​တွေကို ​ကျော်​လွှားနိုင်​ဖို့အတွက်​ အမျိုးသမီး​တွေကိုယ်​တိုင်​လည်​း သူတို့ အရည်​အချင်​း​တွေကို ပြလာနိုင်​မယ်​လို့ ထင်​ပါတယ်​။" ဟု  Filmmaker တစ်ဦး ဖြစ်သူ မ​လေးသီတာက ​ပြောသည်​။

အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘောဇဘဏ်၏ Internal Communication and Public Affairs တာဝန်ခံ မယုဝေမောင်နှင့် IFC Myanmar အရာရှိ မခင်သီတာမော်တို့က အပါအဝင် မြန်မာ့စီးပွားရေးနယ်ပယ်မှ ထူးခြားထင်ရှားသည့်အမျိုးသမီးတို့ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့သည့် AustCham Myanmar သည် မြန်မာနိုင်ငံရှိအမျိူးသမီးများကို စီးပွားရေးလုပ်ငန်းများနှင့် ခေါင်းဆောင်ပိုင်းနေရာများတွင် ယုံကြည်မှုရှိရှိရပ်တည်နိုင်ရေးကဏ္ဍ အပါအဝင် မြန်မာနိုင်ငံနှင့်သြစတေးလျနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုရရှိစေရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly