အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတည်ပြုအမတ်လောင်း ၁၁၃၀ ၌ အမျိုးသမီး ၁၇၀ ဦးပါ၀င်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတည်ပြုအမတ်လောင်း ၁၁၃၀ ၌ အမျိုးသမီး ၁၇၀ ဦးပါ၀င်

စက်တင်ဘာ ၁၈ ရက် ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီးအမတ်လောင်း ၁၇၀ ဦး ရှိကြောင်း ပါတီထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်သွင်းသူ ၁၁၃၈ ဦးမှ ၈ ဦးပယ်ချခံရသဖြင့် အတည်ပြုရေအတွက် ၁၁၃၀ သာကျန်တော့ပြီး ယင်းတွင် အမျိုးသား ၉၆၀ ဖြစ်သည်။

အမျိုးသမီး ၁၇၀ တွင် ပြည်သူ့လွှတ်တော် ၅၀ ဦး၊ အမျိုးသားလွှတ်တော် ၂၄ ဦး၊ ပြည်နယ်/တိုင်းလွှတ်တော် ၉၀ နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၆ ဦး တို့ အသီးသီးဝင်ပြိုင်ကြမည်ဖြစ်သည်။

အပယ်ခံရသူများမှာ ရှမ်းပြည်နယ် ၂ ဦး၊ ကယားပြည်နယ် ၁ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး ၊ မန္တလေးတိုင်းမှ ၁ ဦး ဖြစ်သည်။ ယင်းတွင် ပြည်သူ့လွှတ်တော်အတွက် ၁ ဦး၊ အမျိုးသားလွှတ်တော် ၃ ဦး၊ တိုင်းလွှတ်တော် အတွက် ၁ ဦး၊ ပြည်နယ်လွှတ်တော် ၃ ဦး အသီးသီးဖြစ်သည်။

မဲဆန္ဒနယ်မြေ တာဝန်မပေးသည့် မဲဆန္ဒနယ် ၃၀ ကျော်ရှိပြီး ရှမ်းပြည်နယ်မှ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့မှ မဲဆန္ဒနယ်များ၊ ချင်းပြည်နယ်မှ တီးတိန်မဲဆန္ဒနယ် တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags