ဇင်ဘာဘွေပါလီမန်တွင် အသက်၉၁နှစ်ရှိပြီဖြစ်သည့် သမ္မတမူဂါဘီ မိန့်ခွန်း မှားပြော

ဇင်ဘာဘွေပါလီမန်တွင် အသက်၉၁နှစ်ရှိပြီဖြစ်သည့် သမ္မတမူဂါဘီ မိန့်ခွန်း မှားပြော

ဟားရဲ၊ စက်တင်ဘာ - ၁၆ ။          ။ စက်တင်ဘာ ၁၅ရက်နေ့က ပါလီမန် အစည်းအဝေးသစ် ဖွင့်ပွဲတွင် ဇင်ဘာဘွေနိုင်ငံ၏ အသက် ၉၁နှစ် ရှိပြီဖြစ်သော သမ္မတ ရောဘတ် မူဂါဘီက ပြီးခဲသည့်လက ဥပဒေပြုလွှတ်တော်တွင် ပြောကြားခဲ့ပြီးသားမိန့်ခွန်းကိုပင် မှားယွင်းကာ ထပ်မံပြောကြားခဲ့သည်ဟု ဆိုသည်။

ဝါရင့်ခေါင်းဆောင်ကြီးမှာ ယမန်လက နှင်ပတ်လည်နိုင်ငံတော်မိန့်ခွန်းတွင် ပြောပြီးသားစာသားများကို ပြောနေမှန်း သတိမထားမိဘဲ ဆုံးခန်းတိုင်သည်အထိ ၂၅ မိနစ်ကြာမြင့်အောင် ပြန်လည်ဖတ်ကြား သွားခဲ့သည်ဟု ဆိုသည်။

မိန့်ခွန်းတွေ ရောထွေးကုန်တာကြောင့် သမ္မတက ပြောပြီးသားကို မှားပြီး ထပ်ပြောမိတာပါဟု သမ္မတ၏ ပြောခွင့်ရပုဂိုလ် ဂျော့ ချာရမ်ဘာက ပြောကြားခဲ့သည်။

သူ့ရဲ့ အတွင်းရေးမှူးရုံးမှာ မိန့်ခွန်းတွေ ရောကုန်တာပါဟု ချာရမ်ဘာက ပြောကြားကြောင်း နိုင်ငံပိုင် Herald သတင်းစာ၏ ဝဘ်ဆိုက်တွင် ကိုးကားဖော်ပြခဲ့သည်။

ရိုးသားစွာ မှားယွင်းမှုဖြစ်ပြီး ပြင်ဆင်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေသည်ဟုလည်း ချာရမ်ဘာက ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းကလည်း အာဖရိက၏ အသက်အကြီးဆုံးခေါင်းဆောင် မူဂါဘီမှာ တရားဟောစင်မြင့်မှအဆင်းတွင် လဲကျသွားခဲ့ရာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း သူ လဲကျသွားသည့် ဗွီဒီယိုမှာ လူမှုမီဒီယာတွင် ပျံ့နှံ့သွားခဲ့သည်။

မိန့်ခွန်းပြောစဉ်အတွင်း မူဂါဘီကို လှောင်ပြောင်သူများအား သတ်ပစ်မည်ဟု မည်သူမည်ဝါ မသိရသူများထံမှ ခြိမ်းခြောက်မှုများကို လက်ခံရရှိထားသည်ဟု အတိုက်အခံ လွှတ်တော်အမတ်များ ကပြောကြားနေကြသောကြောင့် ပါလီမန်အစည်းအဝေးမှာ အသက်ကင်းမဲ့နေခဲ့သည်ဟု ဆိုသည်။

ယမန်လက မူဂါဘီ မှားယွင်းရျ် ထပ်မံပြောကြားသည့် နိုင်ငံတော်နှစ်ပတ်လည်မိန့်ခွန်း ပြောကြားနေစဉ်အတွင်း အတိုက်အခံ လွှတ်တော်အမတ်များက သရော်လှောင်ပြောင်က ကြားဖြတ်ပြောကြားခဲ့ကြ သည်ဟု ဆိုသည်။

ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှု (MDC)၏ အကြီးအကဲဆော်သြော်သူ Innocent Gonese ၏ ပြောကြားချက်အရ အတိုက်အခံ လွှတ်တော်အမတ် ၇ဦးမှာ ၎င်းတို့၏ ဖုန်းများတွင် မူဂါဘီ၏ မိန့်ခွန်းကို ကြားဖြတ်မပြောရန် ခြိမ်းခြောက်သည့် စာသားမက်ဆေ့ချ်များကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

မက်ဆေ့ချ်က နံပါတ်တစ်ခုက လာတာ။ ထင်မြင်ချက်မဟုတ်ဘူး သေခြင်းတရားလို့ ခေါင်းစဉ်တပ်ထားတယ်ဟု Gonese က မူဂါဘီ၏ မိန့်ခွန်းအပြီးတွင် ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။

ကင်းလွတ်ခွင့်က ပါလီမန်အတွင်းမှာပဲ သက်ရောက်မှုရှိတယ်။ ပါလီမန်ထဲက ထွက်လိုက်တာနဲ့ အလုပ်မလုပ်တော့ဘူးဟု မက်ဆေ့ချ်က လွှတ်တော်အမတ်များကို သတိပေးထားသည်ဟု Goneseက ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။

မော်ဂန် ဆဘိုင်ဂီရိုင်းခေါင်းဆောင်သည့် အတိုကအခံပါတီမှာ လွှတ်တော်အမတ်များအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ပတ်သက်ရျ် စိုးရိမ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required