အီရန်တွင် မြေငလျင်များ ဆက်တိုက်လှုပ်၊ လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရ

အီရန်တွင် မြေငလျင်များ ဆက်တိုက်လှုပ်၊ လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၂၂ ။             ။ အီရန်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ဇူလိုင် ၂၂ ရက်က အင်အား အသင့်အတင့်ရှိ မြေငလျင်များ လှုပ်ခဲ့ပြီး လူ ၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သည်။

နိုင်ငံတောင်ပိုင်း Hormozgan ဒေသရှိ Lar မြို့အနီးတွင် ငလျင် နှစ်ခု လှုပ်သွားခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်း မြေငလျင် နှစ်ခုအနက် အင်အားပြင်းထန်သည့် ငလျင်မှာ ပြင်းအား ၅ ဒသမ ၄ ရှိကြောင်း သိရသည်။

အလားတူ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခုလည်း နိုင်ငံအနောက်ပိုင်း Kermanshah ဒေသတွင် လှုပ်သွားခဲ့သေးကြောင်း သိရသည်။

ယခု ငလျင်များ လှုပ်ခဲ့ပြီးနောက် ကျေးရွာများတွင် အပျက်အစီးတစ်ချို့ ရှိခဲ့ကြောင်း၊ လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required