အမေရိကန်သို့ လာလည်ရန် ပူတင်ကို ဒေါ်နယ်ထရမ့် ဖိတ်ကြား

အမေရိကန်သို့ လာလည်ရန် ပူတင်ကို ဒေါ်နယ်ထရမ့် ဖိတ်ကြား

ဇူလိုင် ၂၀ ။            ။ ယခုနှစ် နှောင်းပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန် လာလည်ဖို့  သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားဖို့ စီစဉ်နေပြီဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရုရှားခေါင်းဆောင်နဲ့ ထရမ့်အကြား ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့မှာ တွေ့ဆုံမှုအပေါ် ဝေဖန်ပြစ်တင်မှု မြင့်တက်နေချိန်မှာပဲ ယခုလို ပူတင်ကို ထရမ့် ဖိတ်ကြားတဲ့ ကိစ္စ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်က ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံးတွေ့ဆုံစဉ်အတွင်း ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ မော်စကိုရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ပတ်သက်လို့ ပူတင်ကို လူသိရှင်ကြား ပြစ်တင်ခဲ့ခြင်း မရှိတဲ့ ထရမ့်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

ယင်း ဟယ်လ်ဆင်ကီ တွေ့ဆုံပွဲတုန်းက ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှုကိစ္စ ပူတင်ရဲ့ ငြင်းဆိုချက်ကို ထရမ့်ဘက်က လက်ခံပြောဆိုခဲ့တဲ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲတွေမှာ ရုရှား ဝင်နှောက်ယှက်မှု သေချာပေါက်ရှိခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေဘက်က အခိုင်အမာ ဆိုထားတဲ့ကြားက ထရမ့်က ပူတင်နဲ့တွေ့စဉ် ရုရှားခေါင်းဆောင်နဲ့ ငြင်းဆိုမှုကို ဆန့်ကျင်ဖိ့ု ပျက်ကွက်သလို ဖြစ်ထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာလည်း ပူတင်ကို ဝါရှင်တန် ဖိတ်ဖို့ကိစ္စ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘိုလ်တန်ကို ထရမ့်က ညွှန်ကြားထားလိုက်ပြီး ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဆန်းဒါးစ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required