ဗလင်စီယာအသင်းရဲ့ နောက်ခံလူ ကန်ဆယ်လ်လိုကို ပေါင် ၃၅.၅ သန်းနဲ့ ဂျူဗင်တပ်စ် ခေါ်ယူ

ဗလင်စီယာအသင်းရဲ့ နောက်ခံလူ ကန်ဆယ်လ်လိုကို ပေါင် ၃၅.၅ သန်းနဲ့ ဂျူဗင်တပ်စ် ခေါ်ယူ

ဂျူဗင်တပ်စ်အသင်းဟာ ဗလင်စီယာအသင်းမှ  ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လ်လိုကို ယူရို ၄၀.၄ သန်း (ပေါင် ၃၅.၅ သန်း) ဖြင့် ေခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

တောင်ပံနေရာမှာလည်း ကစားနိုင်တဲ့ အသက် ၂၄ နှစ်ရှိ ဗဟိုနောက်ခံလူကို အီတလီချန်ပီယံက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူ စာချုပ်ခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လ်လိုဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်မှာ အငှားနဲ့ ကစားခဲ့ပြီး စီရီးအေမှာ ၂၆ ပွဲကစား၊ ၁ ဂိုး သွင်းထားကာ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား ပဏာမလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဒီရာသီအပြောင်းအရွှေ့မှာ သူဟာ တောင်ပံကစားသမား ဒေါက်ဂလပ် ကော်စတာ၊ ကွင်းလယ်လူ အီမာချန်းနဲ့ ဂိုးသမား မက်တီးယား ပါရင်းတို့ပြီးနောက်  ဂျူဗီတပ်စ်အသင်းကို ပူးပေါင်းလာခဲ့သူဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required