ရေဦးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်လှစ်

ရေဦးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်လှစ်

ဇွန် ၁၀၊ ရေဦး ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အစိုးရအဖွဲ့ရုံး ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များတက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသမိုင်း ပျောက်ကွယ်မသွားစေလိုခြင်း၊ မြို့ဂုဏ်ကျက်သရေ၊ တည်ကြည်ခန့်ငြား၊ စည်ပင်သာယာမှုကို ဖော်ပြလိုသော ရည်ရွယ်ချက် ဗိုလ်ချုပ်ကို ချစ်စိတ်၊ ဗိုလ်ချုပ်လို မျိုးချစ်စိတ်ရှိကြောင်း ဖော်ပြလိုသည့် ရည်ရွယ်ချက်များဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ခြင်းဖြစ်ကြောင်း ရေဦးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရေး၊ ရန်ပုံငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ညွှန့်ဆွေက ဆိုသည်။

“ အလှူရှင် ပြည်သူတွေကလည်း စိတ်ပါဝင်စားစွာ တတ်နိုင်သလောက် လှူဒါန်းခဲ့ကြပါတယ်။ အလှူငွေက စုစုပေါင်း ၂၈၄ သိန်းရတယ်။ ထူးခြားတာက အလှူရှင်တစ်ဦးဆိုရင် ငွေ သိန်း ၁၀၀ နဲ့ ပူးတွဲလုပ်ငန်းရှင် ရ ဦးက သိန်း၅၀၊ စုစုပေါင်း သိန်း ၁၅၀ လှူတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေးအတွက်က သိန်း ၄၈၀ ကုန်ကျတယ်။ ငွေကြေးရှင်းတမ်းတွေကို ဆက်လက်ရေးဆွဲသွားမှာဖြစ်ပါတယ်။ လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးှဇူးတင်ပါတယ်” ဟု ဦးကျော်ညွန့်ဆွေက ပြောသည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှ ကြေးရုပ်တည်ဆောက်ရေးအတွက် ကျပ်သိန်း ၂၀၀ လျာထားခဲ့ပြီး တိုင်းအစိုးရ၏ ခွင့်ပြုချက်ရယူ၍ ၂၀၁၇ ဧပြီလ ၃၀ရက်မှ စတင်ကာ၂၀၁၈ ခုနှစ် မတ်လ ၂၅ ရက်အထိ ၁၁ လ ကြာတည်ဆောက်ခဲ့ပြီး ငွေကျပ် ၄၈၄ သိန်းကုန်ကျခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required