နှစ်သန်းပေါင်း ၁၅၀ ရှိ ရှားပါး ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို ပြင်သစ်မှာ လေလံတင် ရောင်းချ

နှစ်သန်းပေါင်း ၁၅၀ ရှိ ရှားပါး ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို ပြင်သစ်မှာ လေလံတင် ရောင်းချ

 

ဇွန် ၄ ။                      ။ အမေရိကန်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှားပါး ဒိုင်နိုဆော အရိုးစုကြီးတစ်ခုကို ဇွန်လ ၄ ရက်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့အနီးမှာ လေလံတင်ရောင်းချမှာ ဖြစ်ပါတယ်။

အဆိုပါ ဒိုင်နိုဆော ရုပ်ကြွင်းကတော့ နှစ်သန်းပေါင်း ၁၅၀ ခန့် ရှိမယ်လို့ သိရပါတယ်။

အီဖယ်လ် တာဝါ ပထမထပ်မှာ ခင်းကျင်းပြသထားတဲ့ အဆိုပါ ဒိုင်နိုဆော ရုပ်ကြွင်းကြီးရဲ့ တန်ကြေးကတော့ ခန့်မှန်းခြေအားဖြင့် ယူရို ၁ ဒသမ ၈ သန်းအထိ ရှိမယ်လို့ ယူဆရပါတယ်။

ပိုင်ရှင်ဖြစ်သူရဲ့ ဆန္ဒအရ အဆိုပါ လေလံတင်ရောင်းချရမှုကနေ ရရှိလာမယ့် ငွေကြေးတွေအနက် တစ်စိတ်တစ်ဒေသကို အကျိုးအမြတ်မယူ အဖွဲ့တွေကို လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

ကျန်ငွေကြေးတွေကိုတော့ နောက်ထပ် ရှာဖွေတူးဖော်မှုတွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required