ဘန်ကောက်ဗုံးကွဲမှု ထိုင်းအမျိုးသမီးနှင့် မသိရှိရသေးသည့် အမျိုးသားတစ်ဦးကို ထိုင်းရဲရှာဖွေ

ဘန်ကောက်ဗုံးကွဲမှု ထိုင်းအမျိုးသမီးနှင့် မသိရှိရသေးသည့် အမျိုးသားတစ်ဦးကို ထိုင်းရဲရှာဖွေ

ဘန်ကောက်၊ သြဂုတ် ၃၁ ။          ။ ရဲတပ်ဖွဲ့က စီးနင်းခဲ့သည့် ဒုတိယမြောက်တိုက်ခန်းတစ်ခုတွင် ဗုံးပြုလုပ်သည့် ပစ္စည်းများ သီတင်းပတ်အကုန်က တွေ့ရှိပြီးနောက် ထိုင်းအမျိုးသမီးနှင့် အမည်မသိ အမျိုးသားတစ်ဦးကို ရှာဖွေလျက်ရှိကြောင်း ကြောက်မက်ဖွယ် ဘန်ကောက်ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေသော ရဲတပ်ဖွဲ့က ပြောသည်။

သြဂုတ် ၁၇က စည်ကားသော ဈေးဝယ်ရပ်ကွက်တစ်ခုရှိ ဧရာဝန်ဟိန္ဒိူနတ်ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံတွင် အဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် သေဆုံးသူအများစုမှာ အာရှတစ်ဝန်းမှ တရုတ်ကမ္ဘာလှည့်ခရီးသည်များဖြစ်သည်။ သြဂုတ် ၂၉ရက်နေ့ နံနက်က နောက်ထပ်တိုက်ခန်းတစ်ခုတွင် ဖောက်ခွဲရေးကိရိယာများ၊ ပိုက်များနှင့်ဘောခွက်များတွေ့ရှိခဲ့ပြီး အမည်မသိအမျိုးသားတစ်ဦးကို ထိန်းသိမ်းလိုက်ပြီးနောက် ၎င်းတို့၏အမှုလိုက်မှုတွင် တိုးတက်မှုများရှိနေပြီဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့နောက် ယခုရှာဖွေ သည့်သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

တရားဝင်သက်သေခံကတ်ပြားမှ ရိုက်ယူထားသော အနက်ရောင် မွတ်စလင်အမျိုးသမီးဝတ်စုံဝတ်ဆင်ထားသော ထိုင်းအမျိုးသမီးတစ်ဦး၏ ဓါတ်ပုံကို အမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရ ပရာဝတ်သာဝေါင်သီရိက သြဂုတ် ၃၁က ရုပ်သံမှတဆင့်ပြသခဲ့သည်။ ယင်းအမျိုးသမီးမှာ အသက် ၂၆ နှစ်အရွယ်ရှိ ဝန္နာဆွန်ဆန် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းမှာ ဗုံးကွဲမှုစုံစမ်းစစ်ဆေးမှုတွင် သံသယရှိသူတစ်ဦးကို ပထမဆုံးအကြိမ် အမည်ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ ထို့အပြင် အမည်မသိရသေးသော နုတ်ခမ်းမွှေးနှင့် အမျိုးသားတစ်ဦး၏ ပုံကြမ်းတစ်ခုကို လည်းပြသခဲ့သည်။

အဆိုပါနှစ်ဦးမှာ နောက်ထပ်ဗုံးလုပ်ပစ္စည်းများတွေ့ရသော ဒုတိယမြောက်တိုက်ခန်းတွင် အတူငှားနေသည်ဟု ယုံကြည်ရကြောင်း ပရာဝတ်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required