မွေးစားခံကလေးငယ်များအတွက် သီးသန့်ဂီတဖျော်ဖြေပွဲ ကျင်းပပေးခဲ့သည့် တေလာဆွစ်

မွေးစားခံကလေးငယ်များအတွက် သီးသန့်ဂီတဖျော်ဖြေပွဲ ကျင်းပပေးခဲ့သည့် တေလာဆွစ်

အမေရိကန်နာမည်ကြီးအဆိုတော် တေလာဆွစ်သည် မွေးစားခံကလေးငယ်များနှင့် ၄င်းတို့ကိုမွေးစားထားသော မိသားစုဝင်များအတွက် သီးသန့်ဂီတဖျော်ဖြေပွဲကို ဖီးနစ်တက္ကသိုလ်အားကစားကွင်း၌ ပြုလုပ်ပေးခဲ့ပြီး ဖျော်ဖြေ ပွဲပြီးချိန်တွင် ပီဇာများလည်း ၀ယ်ကျွေးခဲ့ကြောင်း သိရသည်။

လာမည့်အင်္ဂါနေ့ညတွင်စတင်မည့် သူမ၏ Reputation နယ်လှည့်ဖျော်ဖြေပွဲမတိုင်မီတွင် ပြုလုပ်ခဲ့သော သီးသန့် ဂီတဖျော်ဖြေပွဲသို့ မွေးစားခံကလေးငယ်များနှင့် ၄င်းတို့၏မွေးစားမိဘများအပါအဝင် စုစုပေါင်း လူ ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး တေလာဆွစ်က သီဆိုဖျော်ဖြေပေးခဲ့သည်။

ရှိုးပွဲပြီးချိန်တွင် တေလာဆွစ်သည် ပရိသတ်များကို စင်ပေါ်သို့လာရောက်ပြီး ပီဇာများသုံးဆောင်ဖို့ ဖိတ်ခေါ်ခဲ့ ကြောင်း ရှိုးပွဲလာပရိသတ်များက ပြောခဲ့သည်။ ဒါ့အပြင် သူမသည် လေးနာရီခန့်ကြာမြင့်သည်အထိ လာရောက် ကြည့်ရှုသည့် မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သလို ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း သိရသည်။

ရှိုးပွဲသို့တက်ရောက်ခဲ့သော ပရိသတ်တစ်ဦးဖြစ်သည့် ကီလီဒီလွန်က “ကျမတို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က AZAFAP လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုထံကနေ အီးမေးလ်တစ်စောင်ရရှိခဲ့ပါတယ်။ သူတို့ဟာ မွေးစားခံကလေး ငယ်တွေနဲ့ ၄င်းတို့ကိုမွေးစားတဲ့မိသားစုဝင်တွေအတွက် ပျော်စရာအခမ်းအနားလေးတွေ ဖန်တီးပေးကြတဲ့အဖွဲ့ ပါ။ သူတို့ဟာ လက်မှတ် ၂၀၀၀ လောက်ကို ဝေငှခဲ့ကြတာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး သူမက “ကျမတို့ရဲ့ဘဝမှာ တစ်သက်မမေ့နိုင်စရာ အခိုက်အတန့်လေးကို ရရှိခဲ့ကြပါတယ်” ဟု လည်း ပြောဆိုခဲ့သည်။

မေလ ၈ ရက်နေ့မှစတင်၍ ကျင်းပသွားမည့် တေလာဆွစ်၏ နယ်လှည့်ဂီတဖျော်ဖြေပွဲများတွင် အဖွင့်သီချင်း သီိဆိုသူများအဖြစ် ကာမီလာကာဘယ်လိုနှင့် Charli XCX တို့လည်း ပါ၀င်သွားမည်ဟု သိရသည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required