နျူကလီးယားသဘောတူညီချက်မှနှုတ်ထွက်ပါက နောင်တရလိမ့်မည်ဟု အမေရိကန်ကို အီရန်သတိပေး

နျူကလီးယားသဘောတူညီချက်မှနှုတ်ထွက်ပါက နောင်တရလိမ့်မည်ဟု အမေရိကန်ကို အီရန်သတိပေး

တဟီရန်၊ အီရန်၊ မေ ရ ။                 ။ အီရန်သမ္မတ ဟတ်ဆန်ရော်ဟာနီက အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အစိုးရနှင့်အတူထားရှိထား သော နျူကလီးယားသဘောတူညီချက်မှ   နှုတ်ထွက်ခဲ့ပါက နောင်တအကြီးကြီးရလိမ့်မည်ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် သဘောတူညီမှုကို သက်တမ်းတိုး သည့်အချိန်တွင် နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားခဲ့ပြီး သူ၏ဥရောပမဟာမိတ်များအနေဖြင့် ဆိုးရွားသောအမှားကြီးကို ပြင်ဆင်ပေးရန်နှင့် ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရလိမ့်မည်ဟု ပြောဆိုထားခဲ့သည်။

“အကယ်၍ အမေရိကန်ပြည်ထောင်စုဟာ နျူကလီးယားသဘောတူညီချက်ကနေ နှုတ်ထွက်သွားခဲ့မယ်ဆိုရင် သူတို့ရဲ့နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံးနောင်တကို ရရှိသွားမှာဖြစ်ပါတယ်” ဟု ရော်ဟာနီက ရုပ်သံ မိန့်ခွန်းပြောကြားချိန်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ကျုပ်တို့ပြည်သူတွေဟာ စည်းလုံးကြတယ်ဆိုတာကို ထရမ့်နဲ့ အစ္စရေးတို့အနေနဲ့ သိထားဖို့လိုအပ်ပါတယ်” ဟု လည်း ရော်ဟာနီက ဖြည့်စွက်ပြောဆိုခဲ့သည်။

အဆိုပါနျူကလီးယားသဘောတူညီချက်ကို အီရန်နှင့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန်တို့ ကြား လွန်ခဲ့သော ၂၀၁၅ ခုနှစ်က စတင်ထားရှိခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတဘားရက်အိုဘားမားက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသဘောတူညီမှုအရ အီရန်တို့အနေဖြင့် နျူကလီးယားဗုံးများကို ဖန်တီးခြင်းမရှိပါက အရေးယူပိတ်ဆို့မှုများ ကို ပယ်ဖျက်ပေးမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ အီရန်တို့ကမူ ၄င်းတို့၏ အဏုမြူစီမံကိန်းမှာ နျူကလီးယား လက်နက်ဖန်တီးသွားဖို့မဟုတ်ပဲ ပြည်သူ့အကျိုးစီးပွားအတွက်သာ အသုံးပြုဖို့ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။

အကယ်၍ အမေရိကန်အနေဖြင့် သဘောတူညီမှုမှနှုတ်ထွက်ပါက မည်သို့တုံ့ပြန်မည်ဟု ရော်ဟာနီက တိတိကျ ကျ ပြောဆိုခြင်းမရှိသေးသော်လည်း သူ့အနေဖြင့် အီရန်အဏုမြူစွမ်းအင်အဖွဲ့ကို လိုအပ်သောအမိန့်များ ပေးအပ်ထားပြီးပြီဟု ဆိုခဲ့သည်။

ပြီးခဲ့သောကြာသာပတေးနေ့ကလည်း အီရန်နိုင်ငံခြားရေးပေါ်လစီအကြံပေးဖြစ်သူ အလီအက်ခ်ဘာဗီလာရာတီ က အမေရိကန်တို့အနေဖြင့် သဘောတူညီချက်မှနှုတ်ထွက်ပါက အီရန်တို့လည်း နှုတ်ထွက်မည်ဟု ပြောဆိုခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required