လက်တွဲဖော်ရှာနိုင်သည့် dating ၀န်ဆောင်မှု Facebook ကမ်းလှမ်းမည်

လက်တွဲဖော်ရှာနိုင်သည့် dating ၀န်ဆောင်မှု Facebook ကမ်းလှမ်းမည်

 

မေ ၂ ။         ။ လက်တွဲဖော် ရှာနိုင်မယ့် ၀န်ဆောင်မှု dating service သစ်တစ်ခုကို မကြာမီ ထည့်သွင်းကမ်းလှမ်းပေးသွားမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာကုမ္ပဏီ Facebook ရဲဲ့အကြီးအကဲ Mark Zuckerberg က မေလ ၁ ရက်မှာ ထုတ်ဖော်ကြေညာသွားပါတယ်။

" ခုချိန်မှာက လူတွေတစ်ယောက်နဲ့ တစ်ယောက်အကြား စစ်မှန်ပြီး ကာလကြာတဲ့ ဆက်ဆံရေး ထူထောင်သွားဖို့ လုပ်သွားကြရမှာဖြစ်ပါတယ်၊ လူတွေအတော်များများကလည်း လူသစ်တွေနဲ့ တွေ့ဆုံဖို့ ဖေ့ဘွတ်ခ်ကို သုံးကြပါတယ်၊ အဲဒီတော့ သူတို့ကို ပိုကောင်းတဲ့ အတွေ့အကြံုသစ်တွေ ဖန်တီးပေးသွားချင်ပါတယ်" ဆိုပြီး Zuckerberg က နှစ်စဉ်ကျင်းပနေကျ Facebook ရဲ့ Developers conference မှာ ပြောသွားပါတယ်။

Users တွေအနေနဲ့ ၎င်းတို့ရဲ့ first name နဲ့အတူ dating profile တစ်ခုကို ပြုလုပ်နိုင်မှာဖြစ်ပြီး ယင်းကတော့ ၎င်းတို့ရဲ့ Facebook profile နဲ့ သီးခြားစီ ခွဲထားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းအတွက်ကြောင့်လည်း ကိုယ့်ရဲ့ dating profile ကိုတော့ ကိုယ့်ရဲ့ friends တွေ  မြင်နိုင်မှာမဟုတ်သလို News Feeds မှာလည်း ပေါ်မှာမဟုတ်ဘူးလို့ Facebook က ဆိုပါတယ်။

ဒါ့အပြင် ယင်း feature မှာဆိုရင် users တွေကို ၎င်းတို့နဲ့ friends ဖြစ်ပြီးသားသူတွေနဲ့ တွဲပေးမှာမဟုတ်ဘူးလို့လည်း Facebook က ပြောသွားပါတယ်။

ဆိုရှယ်မီဒီယာလုပ်ငန်းကြီးအနေနဲ့ကတော့ ယခုလို dating feature မတိုင်ခင်ကဆိုရင်လည်း အခြားသော နည်းပညာကုမ္ပဏီတွေ စတင်စမ်းသပ်ခဲ့တဲ့ features အများအပြားကို တိုးချဲ့လုပ်ဆောင်ထားခဲ့ပါသေးတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required