အဖွင့်ရုံဝင်ငွေ ဒေါ်လာသန်း ၁၅၀ အထိ ရရှိဖွယ်ရှိသည့် Deadpool 2

အဖွင့်ရုံဝင်ငွေ ဒေါ်လာသန်း ၁၅၀ အထိ ရရှိဖွယ်ရှိသည့် Deadpool 2

မင်းသားရိုင်ယန်ရေးနိုးလ်ပါ၀င်သရုပ်ဆောင်ထားသော နောက်ထပ်ဇာတ်ကားတစ်ကားဖြစ်သည့် Deadpool 2 သည် မြောက်အမေရိကားရုံဝင်ငွေဇယား၌ အဖွင့်ရုံဝင်ငွေ ဒေါ်လာသန်း ၁၅၀ အထိ ရရှိဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းလျက်ရှိသည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလက ပြသခဲ့သော Deadpool သည် ပြည်တွင်း အဖွင့်ရုံဝင်ငွေ ဒေါ်လာ ၁၃၂သန်းအထိရရှိခဲ့ပြီး ယခု Deadpool 2 ကိုမူ လာမည့်မေလ ၁၈ ရက်နေ့တွင် စတင်ပြသသွားရန် စီစဉ်ထား သည်။

ပထမတစ်ကားဖြစ်သော Deadpool သည် နိုင်ငံတကာမှလည်း ရုံဝင်ငွေ ရ၈၃ သန်းခန့် ရရှိခဲ့သည့်အတွက် R အဆင့်သတ်မှတ်ထားသော ရုပ်ရှင်အမျိုးအစားများထဲ၌ ရုံဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ခဲ့ပြီး ဒုတိယ ဇာတ်ကားဖြစ်သော Deadpool 2 သည် ယင်းစံချိန်ကို ကျော်ဖြတ်နိုင်မည့်အလားအလာကောင်းများ ပိုင်ဆိုင် ထားကြောင်း သိရသည်။

Deadpool 2 တွင် အဓိကဇာတ်ကောင်ဖြစ်သော Deadpool သည် X-Force အဖွဲ့ကိုဖွဲ့စည်းပြီး ကောင်လေး တစ်ယောက်အား ဂျို့ရှ်ဘရိုလင်သရုပ်ဆောင်ထားသည့် Cable ဆိုသော ဇာတ်ကောင်၏ အန္တရာယ်မှ ကာကွယ် ပေးပုံအား ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပြီး ခေါင်းဆောင်မင်းသား ရေးနိုးလ်ကိုယ်တိုင် ရက်ရိစ်၊ ပေါလ်ဝါးနစ်တို့ နှင့်အတူ ဇာတ်ညွှန်းပါ၀င်ရေးသားပေးထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များလည်း ပါ၀င်ကြသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required