လူ ၁၀ ဦးကို ကားနှင့်တိုက်သတ်ခဲ့သည့် တရားခံသည် အကြမ်းဖက်သမားဟုတ်မဟုတ် ကနေဒါစုံစမ်း

လူ ၁၀ ဦးကို ကားနှင့်တိုက်သတ်ခဲ့သည့် တရားခံသည် အကြမ်းဖက်သမားဟုတ်မဟုတ် ကနေဒါစုံစမ်း

တိုရန်တို၊ ကနေဒါ၊ ဧပြီ ၂၄ ။                 ။ ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် တနင်္လာနေ့က အာလက်ခ်မီနက်စီယန်အမည်ရှိ အသက် ၂၅ အရွယ် အမျိုးသားတစ်ဦးသည် ဗင်ကားတစ်စီးနှင့် လမ်းမပေါ်ရှိလူများကို လိုက်တိုက်ခဲ့သောကြောင့် လူ ၁၀ဦးထက် မနည်းသေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အတွက် ထိုသူ၏နောက်ခံရာဇဝင်နှင့် အကြမ်းဖက်သမားများနှင့် ပက်သက်မှုရှိမရှိကို ကနေဒါ အာဏာပိုင်များက အပူတပြင်း စုံစမ်းစစ်ဆေးနေကြသည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူမှာ ၉ ဦးမှ ၁၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ဆိုခဲ့သည်။

ယင်းတိုက်ခိုက်မှု၏ အဓိကတရားခံဖြစ်သူကိို ရဲအရာရှိတစ်ဦးက သေနတ်ပစ်ဖောက်ခြင်းမရှိပဲ လက်ရဖမ်းမိခဲ့ ခြင်းဖြစ်ပြီး ထိုသူသည် Yonge လမ်းမကြီးပေါ်မှ လမ်းသွားလမ်းလာများကို ဗင်ကားနှင့်အတူ အရှိန်နှင့်ဝင်တိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းသွားလမ်းလာများမှ ရိုက်ကူးထားခဲ့သောဗီဒီယိုမှတ်တမ်းထဲ၌ အဆိုပါယာဉ်မောင်းဖြစ်သူကို ရဲအရာရှိက ဗင်ကားအရှေ့၌ ဖမ်းဆီးနေသည်ကိုမြင်တွေ့ရပြီး ကနေဒါရုပ်သံသတင်းဌာနက ဖော်ပြခဲ့သည်။

ယာဉ်အတွင်းမှထွက်လာစဉ်တွင် ယာဉ်မောင်းဖြစ်သူသည် လက်နက်ဟုယူဆရသော အရာဝတ္ထုတစ်ခုနှင့် ရဲအရာရှိကိုချိန်ရွယ်ထားပြီး ရဲကထိုသူအား မြေကြီးပေါ်၌ဝပ်နေဖို့ အကြိမ်ကြိမ်အမိန့်ပေးခဲ့သည်။

သို့သော်လည်း တရားခံသည် ရဲအရာရှိ၏အမိန့်ကို နာခံခဲ့ခြင်းမရှိသလို သူ၏အိတ်ကပ်အတွင်း၌ လက်နက်ရှိ ကြောင်း ရဲအား ခြိမ်းခြောက်ခဲ့သည်။ ရဲအရာရှိကမူ သူလုံးဝဂရုမစိုက်ကြောင်းနှင့် တရားခံအား မြေပြင်ပေါ်၌ ၀ပ်နေဖို့ ဆက်လက်အမိန့်ပေးခဲ့သည်။

ထိုအခါ တရားခံက “ကျနော့်ကိုသတ်လိုက်။ ခေါင်းကိုပစ်ပြီးသတ်လိုက်” ဟု အော်ဟစ်ပြောဆိုခဲ့ပြီး ရှေ့သို့တက် လာခဲ့သည်ကို မှတ်တမ်းထဲ၌မြင်တွေ့ရသည်။ အနားသို့ ရဲအရာရှိရောက်ရှိလာစဉ်တွင် မီနက်စီယန်သည် သူ၏ လက်အတွင်းမှ ဖုန်းကိုလွှင့်ပစ်လိုက်ပြီး မြေပြင်ပေါ်သို့ဒူးထောက်ချကာ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ဥရောပမြို့အများအပြားတွင် ယင်းဖြစ်စဉ်နှင့်အလားသဏ္ဍာန်တူသော အကြမ်းဖက်တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုရန်တိုမြို့၌ ဂျီ ရ နိုင်ငံခြားရေးရာနှင့် လုံခြံုရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပနေသောကြောင့် ယင်းဖြစ်စဉ်သည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်သည်ဟု ယူဆနေကြခြင်းဖြစ်သည်။

ကနေဒါအာဏာပိုင်များကမူ ယင်းတိုက်ခိုက်မှုသည် အလွန်ဆိုးရွားသည်မှာမှန်သော်လည်း တရားခံဖြစ်သူ မီနက်စီယန်သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပက်သက်မှုရှိသည်ဟု ပြသနိုင်ခြင်း မရှိသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required