အမြင်မတူသူများကို ဖိနှိပ်ချုပ်ချယ်ခြင်း ရပ်ရန် ဗီယက်နမ်အား ကုလသမဂ္ဂ တိုက်တွန်း

အမြင်မတူသူများကို ဖိနှိပ်ချုပ်ချယ်ခြင်း ရပ်ရန် ဗီယက်နမ်အား ကုလသမဂ္ဂ တိုက်တွန်း

ဂျနီဗာ၊ ဧပြီ ၁၂ ။             ။ အစိုးရအား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုဖြင့် ဗီယက်နမ်တက်ကြွလှုပ်ရှားသူ ခြောက်ဦး ထောင်ဒဏ်ချခံလိုက်ရပြီးနောက် ဗီယက်နမ်တွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် အမြင်မတူသူများကို နှိမ်နင်းနေမှုများအား အဆုံးသတ်ရန် လွတ်လပ်သော ကုလသမဂ္ဂပညာရှင်အုပ်စုတစ်ရပ်က ဧပြီ ၁၂ ရက်တွင် တိုက်တွန်းပြောဆိုသည်။

လူ့အခွင့်အရေးကာကွယ်မှု အခြေအနေများ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မိုက်ကယ်ဖရော့စ်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ကာကွယ်မှုမြှင့်တင်ရေး အထူးကိုယ်စားလှယ် ဒေးဗစ်ကေးနှင့် တစ်ဖက်သတ်ဖမ်းဆီးခြင်းများဆိုင်ရာ အလုပ်ရုံအုပ်စုအကြီးအကဲ ဂျိုစေးအန်တိုနီယိုတို့က ပူးတွဲကာ ယခုကဲ့သို့ တိုက်တွန်းချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

တရားစွဲဆိုခြင်း မရှိဘဲ အဆိုပါ လူခြောက်ဦးကို ဖမ်းဆီးထားရာမှ တရားစီရင်ပေးရေးကို ခွင့်ပြုသင့်ကြောင်း ၎င်းတိို့က တိုက်တွန်းထားသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ သူတို့အတွက် အရမ်း စိုးရိမ်ပါတယ်။ ပုဒ်မ ရ၉ ကို အစိုးရက သဘောထားကွဲသူတွေ၊ အထူးသဖြင့် လူ့အခွင့်အရေးဖက်က ရပ်တည်သူတွေအပေါ် စွဲဆိုအပြစ်နေခြင်းအတွက် အလွန်စိုးရိမ်တယ်။ ဒီပုဒ်မ ရ၉ ဟာ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ပါ ချမှတ်နိုင်တဲ့ ပုဒ်မလည်းပဲ ဖြစ်တယ်။”ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက်က လူအခွင့်အရေးဖက်က ရပ်တည်လှုပ်ရှားသူ ခြောက်ဦးအား ဖမ်းဆီးကာ ထောင်ဒဏ် ငါးနှစ်မှ ခုနစ်နှစ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required