Terminator ဇာတ်ကားသစ် ပြသမည့်ရက်ကို ၃ လခန့်နောက်ဆုတ်

Terminator ဇာတ်ကားသစ် ပြသမည့်ရက်ကို ၃ လခန့်နောက်ဆုတ်

Paramount ရုပ်ရှင်ထုတ်လုပ်ရေးက ၄င်းတို့သည် ၆ ကားမြောက် Terminator ဇာတ်ကား၏ ပြသမည့်ရက်ကို ၃ လခန့် နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့နောက်ဆုတ်လိုက်ရခြင်းမှာ အဓိကဇာတ်ဆောင်မင်းသားကြီး အာနိုးလ်ရှာဝါ့ဇနက်ဂါ၏ နှလုံးခွဲစိတ်ကုသ ခံရမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း ရှင်းလင်းပြောဆိုခဲ့သည်။

Paramount ရုပ်ရှင်စတူဒီယိုက ၄င်းတို့သည် တရားဝင်အမည်မပေးရသေးသည့် ယင်းဇာတ်ကားကို နဂိုက ၂၀၁၉ ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြသသွားရန်စီစဉ်ထားသော်လည်း ယခုအခါ ၂၀၁၉ နို၀င်ဘာလ ၂၂ရက်နေ့ သို့ ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ကြေညာခဲ့သည်.

မင်းသားကြီးအာနိုးသည် ပြီးခဲ့သောအပတ်က လော့စ်အိန်ဂျယ်လိစ်ဆေးရုံ၌ အရေးပေါ်နှလုံးခွဲစိတ်ကုသမှုခံယူ ခဲ့ရသော်လည်း ယင်းဖြစ်စဉ်ကြောင့် ပြသမည့်ရက်ကိုရွှေ့ဆိုင်းခဲ့ခြင်းမဟုတ်ကြောင်း သိရသည်။

အသက် ရ၀ အရွယ်ရှိမင်းသားကြီးအာနိုး၏ ပြောရေးဆိုခွင့်ရှိသူက မင်းသားကြီးသည် ယခုအခါတွင် ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး အားအင်အပြည့်နှင့် အနုပညာလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ကြေညာခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော အာနိုးသည် Terminator ဇာတ်ကားများ၏ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်ပြီး ၆ ကားမြောက်ရုပ်ရှင်၌ ပါ၀င်နိုင် ရန် ဆိုင်းပြင်းလျက်ရှိသည်။

ဇာတ်ကောင် ဆာရာကော်နာအဖြစ် လင်ဒါဟာမီလ်တန်က ပြန်လည်သရုပ်ဆောင်မည်ဖြစ်ပြီး အာနိုးကလည်း အထင်ကရ ဆိုက်ဘော့အဖြစ် သရုပ်ဆောင်ဦးမည်ဖြစ်သည်။

၆ ကားမြောက်Terminator ဇာတ်ကားကို ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းကပင် တာဝန်ယူရိုက်ကူးမည်ဖြစ်သည်။

ဇာတ်လမ်းအသေးစိတ်ကို လက်ရှိအချိန်တွင် လျှို့ဝှက်ထားသော်လည်း ၆ ကားမြောက်ဇာတ်လမ်းသည် Terminator 2: Judgment Day ၏ တိုက်ရိုက်အဆက်ဖြစ်မည်ဟု ကြေညာထားခဲ့ပြီး ပရိသတ်များက မျှော်လင့်စောင့်စားလျက်ရှိသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required