ဆိုမာလီယာ ပါလီမန်အဆောက်အဦးအနီး၌ ကားဗုံးပေါက်ကွဲ၍ လူ ၄ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာ ပါလီမန်အဆောက်အဦးအနီး၌ ကားဗုံးပေါက်ကွဲ၍ လူ ၄ ဦးထက်မနည်း သေဆုံး

 

မိုဂါဒစ်ရှု၊ ဆိုမာလီယာ၊ မတ် ၂၆ ။                   ။ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုှးမြို့ရှိ ပါလီမန်အဆောက်အဦးအနီး၌ တနင်္ဂနွေနေ့က ကားဗုံးပေါက်ကွဲခဲ့ပြီး ဒရိုင်ဘာ အပါအဝင် လူ ၄ ဦးထက်မနည်း   သေဆုံးခဲ့ကာ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ပေါက်ကွဲမှုကြောင့် လမ်းမပေါ်ရှိစစ်ဆေးရေးဂိတ်သည် ပျက်စီးသွားခဲ့ပြီး မီးခုံးလုံးကြီးများ အလိပ်လိပ်တက်လာ သည်ကိုတွေ့မြင်ရသလို ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် သမ္မတအိမ်တော်သည် မီတာ ၂၀၀ ခန့်သာ ကွာဝေး ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်ရှိ စစ်သားများသည် သံသယရှိရသောယာဉ်တစ်စီးကို စစ်ဆေးဖို့ ရပ်တန့်ပေးရန်တောင်းဆိုခဲ့ ချိန်တွင် ယာဉ်မောင်းဖြစ်သူသည် ကားဗုံးကိုဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီး မိုဟာမက်ဟူစိန်က ပြောခဲ့ သည်။ ယင်းဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူများထဲတွင် စစ်သား ၂ ဦးပါဝင်ခဲ့ပြီး လူ ၁၀ ဦးနီးပါးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း သူက ပြောခဲ့သည်။

ယင်းဖြစ်စဉ်မတိုင်ခင် နာရီအနည်းငယ်အလိုကလည်း မိုဂါဒစ်ရှူးမြို့အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦးနှင့် အခြားလူတစ်ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

ယခုလိုကားဗုံးပေါက်ကွဲမှုများသည် လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သော ဝါဟီလီယီ ဟော်တယ်အနီး၌ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုပြီးနောက် ၃ ရက်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

မိုဂါဒစ်ရှူးမြို့သည် ဆိုမာလီယာအခြေစိုက် အယ်လ်ရှာဘတ်အစွန်းရောက်အဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်မှုများ ကို မကြာခဏဆိုသလို ခံစားရလေ့ရှိသည်။

ပြီးခဲ့သောအောက်တိုဘာလကလည်း ကုန်တင်ကားနှင့်ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၅၁၂ဦးခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး နိုင်ငံသမိုင်း၌ အဆိုးရွားဆုံးသော တိုက်ခိုက်ခံရမှုအဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။

အာဖရိကဦးချိုနိုင်ငံဖြစ်သော ဆိုမာလီယာသည် အစ္စလာမ်မစ်အကြမ်းဖက်အုပ်စုများကို ခြေမှုန်းရာတွင် အခက် အခဲများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သောနှစ်များအတွင်း အယ်လ်ရှာဘတ်အဖွဲ့ကို   မောင်းသူမဲ့လေယာဉ်များနှင့် အဆက်မပြတ်တိုက်ခိုက်နေခဲ့သည့် အမေရိကန်စစ်တပ်က ဆိုမာလီယာတပ်ဖွဲ့များသည် ယင်းအဖွဲ့ကို ခြေမှုန်းဖို့ အဆင်သင့်မဖြစ်သေးဟု ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required