နယ်စပ်တွင် လက်နက်ကြီးများ ဖြန့်ကျက်ချထားမှု မြန်မာဘက်က ပြန်ရုတ်သိမ်းသွားခဲ့ပြီဟု ဘင်္ဂလားဒေ့ရှ် ပြော

နယ်စပ်တွင် လက်နက်ကြီးများ ဖြန့်ကျက်ချထားမှု မြန်မာဘက်က ပြန်ရုတ်သိမ်းသွားခဲ့ပြီဟု ဘင်္ဂလားဒေ့ရှ် ပြော
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 

မတ် ၃ ။           ။ မတ်လ ၂ ရက်က ကျင်းပခဲ့သည့် နယ်စပ်အလံတင်အစည်းအဝေးအပြီး ဘန်ဒါဘန် ခရိုင် တမ်ဘရူနယ်စပ်၌လက်နက်ကြီးများ ဖြန့်ကျက်ချထားမှုကို မြန်မာဘက်က   ပြန်လည်ဖယ်ရှားရုတ်သိမ်းပေးသွားခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အစ္စဒက်ဇာမန် ခန် ကာမယ်လ်က မတ်လ ၃ ရက်တွင် ပြောဆိုလိုက်သည်။

အစောပိုင်း မတ်လ ၁ ရက်က မြန်မာ့တပ်မတော်ဘက်က အဆိုပါ နယ်စပ်ဧရိယာ၌ လက်နက်ကြီးများ တိုးမြှင့်တပ်ချထားခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ဘက်က အရေးပေါ် တပ်လှန့်ထားခဲ့ရသည်ဟု ဆိုသည်။

" သတင်းအချက်အလက် ရရှိမှု အမှားတွေကြောင့် ခုလို နယ်စပ်မှာ တပ်နဲ့ လက်နက်ခဲယမ်းတွေ တပ်ချထားခဲ့တာဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က အလံတင်အစည်းအဝေးအတွင်းမှာပဲ   ပြောသွားခဲ့ပါတယ်" ဆိုပြီး ကာမယ်လ်က ပြောသည်။

အဆိုပါ နယ်စပ်၌ မြန်မာဘက်က တပ်များတိုးမြှင့်ချထားမှုကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB အဖွဲ့ဝင်များနှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP တို့သည်လည်း လာမည့် မတ်လ ၂၇ ရက်စ၍ ယင်းတို့၏ သက်ဆိုင်ရာနယ်စပ်ဧရိယာများအတွင်း ပူးပေါင်းကင်းလှည့်စောင့်ကြည့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ေြ့ပာသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required