FourFourTwo မှ ပထမဆုံးအကြိမ် ချီးမြှင့်မယ့် အရှေ့တောင်အာရှ အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၅)ဦး စာရင်း ထုတ်ပြန်

FourFourTwo မှ ပထမဆုံးအကြိမ် ချီးမြှင့်မယ့် အရှေ့တောင်အာရှ အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၅)ဦး စာရင်း ထုတ်ပြန်

နာမည်ကျော် ဘောလုံးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ FourFourTwo က ပထမဆုံးအကြိမ် ချီးမြှင့်မယ့် အရှေ့တောင်အာရှ အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၅)ဦးစာရင်းမှာ မြန်မာလက်ရွေးစင် တိုက်စစ်မှူး အောင်သူ ပါဝင်လာတယ်လို့ သိရပါတယ်။

မြန်မာလက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ အသက် ၂၁ နှစ်သာရှိပါသေးတယ်။ ဒါပေမယ့် သူဟာ  မြန်မာပြည်တွင်းမှာသာမက အရှေ့တောင်အာရှမှာ လူသိများထင်ရှားတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကလပ် ရတနာပုံအသင်းဟာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ကောင်းမွန်တဲ့ ရာသီတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကတော့ အသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံးနှစ်သင်းပြင်ပမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ရတနာပုံအသင်းမှာ No.10 နေရာ ကစားခဲ့ပြီး ၆ ဂိုးသွင်းယူခဲ့သူ အောင်သူဟာ ပြည်တွင်းလိဂ်နှင့် နိုင်ငံအသင်းရဲ့ အကောင်းဆုံးကစားသမားဆု နှစ်ခုရရှိခဲ့ပြီး ၂၀၁၈ မှာတော့ ထိုင်းကလပ် Police Tero ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အရှေ့တောင်အာရှ အကောင်းဆုံးဘောလုံးကစားသမားအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ ထိုင်းကလပ် မြောင်တောင်အသင်းမှ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး သီယာဆေးဒန်ဒါဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၇ က ပြည်တွင်းလိဂ်မှာ ၁၄ ဂိုး သွင်းယူပြီး အသင်းကို အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်စေခဲ့သလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ၅ ဂိုးသွင်းယူခဲ့ပြီး အသင်းအတွက် လိဂ်ဖလားကို ရယူပေးခဲ့သူဖြစ်ပါတယ်။ သီယာဆေးဒန်ဒါဟာ ၂၀၁၇ ခုနှစ်အတွင်း ထိုင်းလက်ရွေးစင်အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ သွင်းဂိုးအရေအတွက်မှာ ၄၂ ဂိုးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဆန်ခါတင်စာရင်းမှာ ထိုင်းအသင်းမှ ဆောင်ကရာဆန်၊ ဗီယက်နမ်မှ ဒင်သန်ထရောင်၊ အင်ဒိုနီးရှားမှ အာဒီယာဆာတို့လည်း ပါဝင်ခဲ့တယ်လို့ သိရှိရပါတယ်။

အရှေ့တောင်အာရှ အကောင်းဆုံးဘောလုံးကစားသမားအတွက် ဆန်ခါတင် ၅ ဦးစာရင်း

အောင်သူ ၂၁နှစ် (မြန်မာ)၊ ရှေ့တန်း - Police Tero
သီယာဆေးဒန်ဒါ ၂၉ နှစ် (ထိုင်း)၊ ရှေ့တန်း - မြောက်တောင်ယူနိုက်တက်
ဒင်သန်ထရောင် ၃၀ နှစ် (ဗီယက်နမ်)၊ အလယ်တန်း - Quang Ngai
ဆောင်ကရာဆန် ၂၄ နှစ် (ထိုင်း)၊ အလယ်တန်း - ဆပ်ပိုရို
အာဒီယာဆာ ၂၆ နှစ် (အင်ဒိုနီးရှား)၊ ဂိုးသမား - ပါဆီဂျာဂျာကာတာ

Ref; FourFourTwo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required