မြောက်ကိုရီးယား၏ အမည်ခံခေါင်းဆောင်နှင့်အဖွဲ့ တောင်ကိုရီးယားသို့ သွားရောက်မည်

မြောက်ကိုရီးယား၏ အမည်ခံခေါင်းဆောင်နှင့်အဖွဲ့ တောင်ကိုရီးယားသို့ သွားရောက်မည်

ဆိုးလ်၊ ဖေဖော်ဝါရီ ၅ ။          ။ မြောက်ကိုရီးယားနိုင်ငံ၏ အမည်ခံခေါင်းဆောင်ဦးစီးသော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယားသို့ စေလွှတ်ရန် ရှိသည်ကို ကြားသိရကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောသည်။

မြောက်ကိုရီးယား လွှတ်တော်အကြီးအကဲ ကင်ယောင်နမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တောင်ကိုရီးယားခရီးစဉ်သည် ယခုလအတွင်း တောင်ကိုရီးယား၌ ကျင်းပမည့်ဖြစ်သော ဆောင်းရာသီအိုလံပစ်ပွဲ အကြို ပြန်လည်ပြည်လည်မှု ရရှိရေး နှစ်နိုင်ငံ ကြိုးပမ်းလာသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ တောင်ကိုရီးယားသို့ လာရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်က သတင်းအကြောင်းကြားကြောင်း   တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုပြင် ဂျန်နောင်းနှင့် ဆိုးလ်တို့တွင် သံစုံတီးဝိုင်း ဖျော်ဖြေမှုများ အသုံးတော်ခံမည့် မြောက်ကိုရီးယား ဖျော်ဖြေရေးအဖွဲ့ကြီးကလည်း တောင်ကိုရီးယားသို့ ဖေဖော်ဝါရီ ၆ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

လာမည့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ ဖွင့်ပွဲတွင် ပြန်လည်ပေါင်းစည်းရေးအလံတစ်ခုတည်းအောက် တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ စီတန်းလှည့်လည်ရန် နှစ်နိုင်ငံသဘောတူညီမှု ရထားသည်။

အိုလံပစ်၌ ပါဝင်လာခြင်းသည် မြောက်ကိုရီးယား၏ သံတမန်ရေး ဗျူဟာအရွှေ့တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required