ဒရာမာဇာတ်လမ်းတွဲအသစ်၌ ဦးဆောင်ပါ၀င်မည့် မင်းသားဂျန်ဂန်ဆုခ် နှင့် မင်းသမီးဟန်ရဲရီ

ဒရာမာဇာတ်လမ်းတွဲအသစ်၌ ဦးဆောင်ပါ၀င်မည့် မင်းသားဂျန်ဂန်ဆုခ် နှင့် မင်းသမီးဟန်ရဲရီ

 

 

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသား ဂျန်ဂန်ဆုခ်နှင့် မင်းသမီးဟန်ရဲရီ တို့သည် SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် “Switch – Change the World” ဟု အမည်ပေးထားသော ဒရာမာဇတ်လမ်းတွဲ အသစ်၌ ခေါင်းဆောင်မင်းသား မင်းသမီးများအဖြစ် ပါဝင်သရုပ်ဆောင်ကြမည်ဟု သိရသည်။

ဇန်နဝါရီ ၂၄ ရက်နေ့တွင် Saram Entertainment က မင်းသမီး ဟန်ရဲရီသည် အစိုးရရှေ့နေမလေး အိုဟာရာအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဟု အတည်ပြုပေးခဲ့သည်။ ဒါ့အပြင် TreeJ အေဂျင်စီကလည်း မင်းသား ဂျန်ဂန်ဆုခ်သည် အဆိုပါဒရာမာဇာတ်လမ်း၌ အစိုးရရှေ့နေစာမေးပွဲကျရှုံးသောကြောင့် ရှေ့နေတစ်ဦး ဖြစ်မလာပဲ လူလိမ်တစ်ဦးဖြစ်သွားသည့် ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုပေးခဲ့သည်။

ထို့ကြောင့် ယင်းဇာတ်လမ်းတွဲသည် မင်းသားဂျန်ဂန်ဆုခ် အတွက် ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့သော Jackpot ပြီးနောက် ၂ နှစ်နီးပါးအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ရိုက်ကူးသည့် ဒရာမာဇာတ်လမ်းတွဲတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မင်းသမီး ဟန်ရဲရီအတွက် ၆လအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်သရုပ်ဆောင်မည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။

အဆိုးနှင့်အကောင်းကို နှိုင်းယှဉ်သရော်ထားပြီး တရားမျှတမှုနှင့်ပက်သက်၍ သတင်းစကားပေးနိုင်မည့် ထိုဇာတ်လမ်းကို ဇာတ်ညွန်းရေးဆရာ ဘိတ်ခ်ဝွန်းချယ်က ရေးသားပြီး ဒါရိုက်တာ နမ်တေးဂျင်က ရိုက်ကူးမည် ဖြစ်ကာ လာမည့်မတ်လတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Soompi

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required