အစ္စရေးအား အသိအမှတ်ပြုထားမှုကို ရပ်ဆိုင်းရန် ပါလက်စတိုင်းခေါင်းဆောင်များ ဆုံးဖြတ်

အစ္စရေးအား အသိအမှတ်ပြုထားမှုကို ရပ်ဆိုင်းရန် ပါလက်စတိုင်းခေါင်းဆောင်များ ဆုံးဖြတ်

 

ဂျေရုဆလင်၊ ဇန်နဝါရီ ၁၆ ။                   ။ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ခြင်းကို တုံ့ပြန်ရေးအနေဖြင့် ပါလက်စတိုင်းခေါင်းဆောင်များက အစ္စရေးအား နိုင်ငံအသိအမှတ်ပြုထားမှုကို ရပ်ဆိုင်းရန် ဇန်နဝါရီ ၁၅ ရက်က ဆုံးဖြတ်ချက် မဲပေးခဲ့ကြသည်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ၏ အစ္စရေးအား အသိအမှတ်ပြုထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံတကာ တုံ့ပြန်မှုများ ပေါ်ထွက်လာမည်သာ အမှန်ဖြစ်သော်လည်း ယခု မဲပေးဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော် လိုက်နာရေးနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေ။

PLO ၏ လက်ခွဲအဆင့်မြင့်ကိုယ်စားလှယ်များ အဖွဲ့ဲဖြစ်သော ပါလက်စတိုင်းဗဟိုကောင်စီက ၂၀၁၅ ခုနှစ်အတွင်းက အစ္စရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းသည့် အလားတူမဲပေးဆုံးဖြတ်မှုမျိုးမှာလည်း မည်သို့မျှ အကောင်အထည်ပေါ်ခဲ့ခြင်း မရှိပေ။ ယခုကာလ ဇန်နဝါရီ ၁၅ ရက်တွင် PLO က အစ္စရေးအား နိုင်ငံအဖြစ် အသိအမှတ်ပြုထားမှုအား ရပ်ဆိုင်းခြင်းကို မဲပေးဆုံးဖြတ်လာခြင်းပဲ ဖြစ်သည်။

သို့သော် အဆိုပါ ဆုံးဖြတ်ချက်အနေဖြင့် ဆုံးဖြတ်မဲသာ ဖြစ်ပြီး ရှေ့မတိုးနိုင်ဖြစ်နိုင်သော်လည်း ဒေါ်နယ်ထရမ့်၏ ဂျေရုဆလင်ဆုံးဖြတ်ချက်အပေါ် ပါလက်စတိုင်းတို့က စိတ်နာစရာ အမျက်ထွက်ရခြင်းနှင့် ပါလက်စတိုင်း၏ အချုပ်အခြာကို အမေရိကန်က ရေရှည်တိုက်ခိုက်နေမှုများကို ပြသရာရောက်မည် ဖြစ်သည်။

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က ထရမ့်၏ ငြိမ်းချမ်းရေးကြိုးစားမှုသည် ရာစုနှစ်ချီ ကြာသွားစေပြီဟု ပြောလျက် အစ္စရေးအား အသိအမှတ်ပြုမှုကို ရပ်ဆိုင်းခြင်းအား မဲပေးထောက်ခံခဲ့သည်။

PLO ၏ အဆိုပါ မဲပေးဆုံးဖြတ်ချက်အရ ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြု မခံရမချင်း အစ္စရေးကို အသိအမှတ်ပြုထားမှုအား ရပ်ဆိုင်းထားရန်ဖြစ်ပြီး အစ္စရေးတို့၏ အရှေ့ဂျေရုဆင်အား ကျုးကျော်မှုနှင့် အခြေစိုက်အိမ်ရာများ တည်ဆောက်ခြင်းတို့ကို ဖျက်သိမ်းရန်လည်း ထုတ်ပြန်တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required