သာကေတတွင် အသက် ရ၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်အခန်းတွင်း အသတ်ခံရ

သာကေတတွင် အသက် ရ၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်အခန်းတွင်း အသတ်ခံရ
ဓာတ်ပုံ-ပြည်ထဲရေး

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၁ ။       ။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက် အမှတ်-၁၆၆(၃)လွှာနေ အသက် ၇၇ နှစ် အရွယ် ဒေါ်သန်းသန်းဆိုသူမှာ ၎င်းနေအိမ်အခန်းအတွင်း အသတ်ခံရကာ ရွှေထည်ပစ္စည်းများလည်း ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁ဝ ရက်၊ နေ့လည် ၁၂ နာရီ၊ ၁၅ မိနစ်အချိန်တွင် တွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ၎င်းနေအိမ်အခန်းထဲတွင် လည်ပင်း ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ အပေါ် နှုတ်ခမ်းပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်သန်းသန်းဆိုသူ အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၂ ကွင်း၊ နား ကပ် ၁ ရံတို့မှာ ပျောက်ဆုံးနေပြီး ၎င်းရုပ်အလောင်းအနီးရှိ   သွေးအိုင်ထဲတွင် ရွှေလက်ကောက် ၁ ကွင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

 “ အဲ့ဒီအမှုကတော့ ကျွန်တော်တို့ လက်ရှိမှာ တရားခံ စုံးစမ်းစစ်ဆေးဆဲပါခင်ဗျာ။ အမှုတော့ ဖွင့်ထားပါပြီ”ဟု သာကေတမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး သာကေတမြို့မရဲစခန်းတွင် (ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ လူသတ်မှု- ၃ဝ၂/ လုယက်မှု- ၃၉၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly