ကိန်းရုပ်ရှင်ပွဲတော်၌ ဂျူရီအဖွဲ့ဝင်လူကြီးအဖြစ်ပါ၀င်မည့် ကိတ်ဘလန့်ချက်

ကိန်းရုပ်ရှင်ပွဲတော်၌ ဂျူရီအဖွဲ့ဝင်လူကြီးအဖြစ်ပါ၀င်မည့် ကိတ်ဘလန့်ချက်

 

အော်စကာဆုရှင်မင်းသမီးကြီး ကိတ်ဘလန့်ချက်သည် ယခုနှစ်တွင်ကျင်းပမည့် ကိန်းရုပ်ရှင်ပွဲတော်၌ ဆုရရှိသူ များကိုရွေးချယ်ပေးမည့် ဂျူရီအဖွဲ့တွင် ပါ၀င်သွားမည်ဖြစ်သည်။

“သူမဟာ ပါရမီရော ခံယူချက်ပါရှိတဲ့ ရှားပါးပြီး တကယ့်ကိုပြည့်စုံတဲ့ အနုပညာရှင်ဖြစ်ပါတယ်” ဟု ကိန်းရုပ်ရှင် ပွဲတော်၏ ပွဲစီစဉ်သူတစ်ဦးက ပြောခဲ့သည်။

သြစတြေးလျမင်းသမီးကြီး ကိတ်ဘလန့်ချက်သည် ယခုလက်ရှိတွင် အလုပ်ခွင်၌ လိင်ပိုင်ဆိုင်ရာစော်ကား နှောင့်ယှက်မှုများ ကြံုတွေ့နေရမှုများကို ဆန့်ကျင်သည့် Time’s Up ဟုခေါ်သော ကမ်ပိန်းတစ်ခုထဲ၌ ပါ၀င် သည့် ဟောလိ၀ုဒ်နာမည်ကျော် အနုပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။

လာမည့် ၂၀၁၈ ခုနှစ် မေလတွင်ကျင်းပမည့် ကိန်းရုပ်ရှင်ပွဲတော်၌ ဂျူရီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည့်အပေါ် ဘလန့်ချက်က ကျေနပ်အားရမိသည်ဟု မိမိကိုယ်မိမိ နှိမ့်ချကျိုးနွံစွာ ပြောဆိုခဲ့သည်။

သူမသည် ကိန်းရုပ်ရှင်ပွဲတော်၏ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်သော အကောင်းဆုံးရုပ်ရှင်ဆုအား ရွေးချယ် ပေးအပ်မည့် အဖွဲ့ထဲ၌ ပါ၀င်ကြောင်းသိရသည်။ ရုပ်ရှင်သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့် စုပေါင်းဖွဲ့စည်းထား သော ယင်းအဖွဲ့သည် အခြားသော အဓိကဆုကြီးများကိုလည်း ရွေးချယ်ပေးအပ်သွားမည်ဟု သိရသည်။

ကိတ်ဘလန့်ချက်သည် The Aviator နှင့် Blue Jasmine ဇာတ်ကားများနှင့် အော်စကာဆု ၂ ဆုဆွတ်ခူးခဲ့ သလို အခြားသောရုပ်ရှင်များနှင့်လည်း ဇကာတင်စာရင်းထဲ၌ အရွေးခံခဲ့ရသူဖြစ်သည်။

သူမသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံဝင်ငွေများစွာရရှိခဲ့သည့် Thor:Ragnarok ရုပ်ရှင်၌လည်း ဗီလိန်ဇာတ်ကောင်နေရာမှ ပါ၀င်သရုပ်ဆောင်ခဲ့သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required