မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရန် ဟာဝါအီသို့ ခရီးထွက်မည့် တေးယန်နှင့် မင်ဟိုရင်

မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရန် ဟာဝါအီသို့ ခရီးထွက်မည့် တေးယန်နှင့် မင်ဟိုရင်

တောင်ကိုရီးယား၏ နာမည်ကျော်အမျိုးသားပေါ့ပ်ဂီတအဖွဲ့ Big Bang မှ အဖွဲ့ဝင်တေးယန်နှင့် သူ၏ချစ်သူ မင်ဟိုရင်တို့သည် ယခုအပတ်တွင် ဟာဝါအီကျွန်းသို့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရန် ခရီးထွက်ခွာမည်ဟု ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းအများအပြားက ဖော်ပြခဲ့သည်။

သူတို့စုံတွဲသည် ၃ နှစ်ခန့် လူသိရှင်ကြား လက်တွဲခန့်အပြီးတွင် ယခုနှစ်ဖေဖေါ်ဝါရီလ ၃ ရက်နေ့၌ တရားဝင် လက်ထပ်တော့မည်ဖြစ်သည်။

သူတို့၏မင်္ဂလာပွဲမတိုင်မီတွင် တေးယန်တို့နှစ်ဦးသည် ဟာဝါအီကျွန်း၌ အကြိုမင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ကူးရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြနေခြင်းဖြစ်သည်။ သို့သော်လည်း ယင်းဓာတ်ပုံများသည် မဂ္ဂဇင်းမျက်နှာဖုံးအတွက် သို့မဟုတ် သူတို့မင်္ဂလာဆောင်သီးသန့်အတွက် ရိုက်ကူးနေသလားဆိုတာ မသေချာ သေးကြောင်းလည်း သိရသည်။

တေးယန်သည် လာမည့် ၂၀၁၈ ခုနှစ် နှစ်လယ်လောက်တွင် သူ၏နိုင်ငံသားတာဝန်အတိုင်း စစ်မှုထမ်းရမည်ဟု သိရသည်။

Ref:AllKpop

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required