နယူးယောက်စီးတီးတွင် လူနေတိုက်ခန်းအိမ်ရာ မီးလောင်၍ လူ ၁၂ ဦး သေဆုံး

နယူးယောက်စီးတီးတွင် လူနေတိုက်ခန်းအိမ်ရာ မီးလောင်၍ လူ ၁၂ ဦး သေဆုံး

နယူးယောက်စီးတီး၊ ဒီဇင်ဘာ ၂၉ ။         ။ အမေရိကန်နိုင်ငံ နယူးယောက်စီးတီးတွင် လူနေတိုက်ခန်းအိမ်ရာ မီးလောင်မှုဖြစ်ရာတွင် တစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးကြောင်း မြို့တော်ဝန်ဖြစ်သူက ပြောသည်။

အဆောက်အဦ၏ ထပ်တိုးအရန်ဆောင်တွင် မီးလောင်မှုဖြစ်ကြောင်း၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရကြသူများလည်း ရှိကြောင်း မြို့တော်ဝန် ဘီလ်ဘလာဆီယိုက ပြောသည်။

သေဆုံးသူဦးရေအရ မီးဘေးသည် သမိုင်းတွင် ဆိုးဝါးသည့် မီးလောင်မှုတစ်ရပ် ဖြစ်သည်ဟု မီးသတ်ကော်မရှင်နာမင်းကြီး ဒန်နီယာနီဂရိုက ပြောသည်။

Bronx တိရစ္ဆာန်ရုံမှ တစ်လမ်းကျော် ငါးထပ်အဆောက်အဦတွင် မီးလောင်ကြောင်းကို ည ခုနစ်နာရီက သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးအား မီးသတ်သမား ၁၇၀ အင်းအားဖြင့် ငြိှမ်းသတ်ခဲ့ရပြီး တိုက်ခန်းနေသူများကို ကယ်ဆယ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required