ချန်ပီယံမဖြစ်လျှင် ၁၅ ပွဲဆက်တိုက်အနိုင်ရမှုမှာ စံချိန်သာ ဖြစ်သွားလိမ့်မည်ဟု ဂွါဒီယိုလာပြော

ချန်ပီယံမဖြစ်လျှင် ၁၅ ပွဲဆက်တိုက်အနိုင်ရမှုမှာ စံချိန်သာ ဖြစ်သွားလိမ့်မည်ဟု ဂွါဒီယိုလာပြော

 

ဒီဇင်ဘာ ၁၄၊ အင်္ဂလန် ။         ။ မန်စီးတီးအသင်းသည် ဆွမ်ဆီးအသင်းကို အဝေးကွင်းတွင် လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ၁၅ ပွဲဆက်တိုက်အနိုင်ရသည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

မန်စီးတီးအသင်းမှာ လက်ရှိတွင် ရမှတ် ၄၉ မှတ်ရရှိထားပြီး ဒုတိယနေရာမှ မန်ယူကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်သည့်အတွက် ချန်ပီယံဖြစ်ရန် သေချာသလောက်ရှိသွားပြီဟု ပြောဆိုလျက်ရှိနေကြသည်။

မန်စီးတီးနည်းပြဂွါဒီယိုလာကလည်း ယခုနှစ်တွင် ၎င်းတို့အသင်းချန်ပီယံမဖြစ်ခဲ့ပါက ၁၅ ပွဲဆက်တိုက်အနိုင်ရမှုမှာ စံချိန်တစ်ခုသာ ဖြစ်သွားလိမ့်မည်ဟု ဆိုသည်။

“ပရီးမီးယားလဂ်သမိုင်းမှာ လီဗာပူးလ်၊ မန်ယူ၊ ချယ်လ်ဆီး စတဲ့အသင်းကောင်းတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့က ၁၅ ပွဲဆက်တိုက် အနိုင်ရတဲ့ပထမဆုံးအသင်းပါ။ ဒါပေမဲ့ ဒီရာသီမှာ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မရယူနိုင်ခဲ့ဘူး ဆိုရင်တော့ ဒါက စံချိန်တစ်ခုသာ ဖြစ်သွားပါလိမ့်မယ်။

ဒီစံချိန်က ချိုးဖျက်ခံရမှာပါပဲ။ ဒါပေမဲ့ လွယ်တော့ မလွယ်ဘူးပေါ့။ ဒီအဆင့်က အရမ်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အလွန်တောင့်တင်းတဲ့အသင်းဖြစ်လို့ ထိပ်ဆုံးမှာရပ်တည်နေနိုင်တာလို့လည်း အဓိပ္ပါယ်ရပါတယ်” ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required