ထရမ့်၏ ဂျေရုဆလင်ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား မွတ်စလင် ထောင်ပေါင်းများစွာ အမေရိကန်သံရုံးရှေ့ စုရုံးဆန္ဒပြ

ထရမ့်၏ ဂျေရုဆလင်ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား မွတ်စလင် ထောင်ပေါင်းများစွာ အမေရိကန်သံရုံးရှေ့ စုရုံးဆန္ဒပြ

ဂျကာတာ၊ ဒီဇင်ဘာ ၁၁ ။          ။ အစ္စရေးမြို့တော်အဖြစ် ဂျေရုဆလင်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အသိအမှတ်ပြုသော ဆုံးဖြတ်ချက်အပေါ် အင်ဒိုနီးရှားရှိ မွတ်စလင်ထောင်ပေါင်းများစွာက ဂျကာတာရှိ အမေရိကန်သံရုံးရှေ့ ဒီဇင်ဘာ ၁၁ ရက်တွင် စုရုံးဆန္ဒပြကြသည်။

ယင်းနေ့ဆန္ဒပြမှုသည် ထရမ့်၏ ဂျေရုဆလင် ဆုံးဖြတ်ချက် ကြေညာပြီးနောက် ကမ္ဘာ့မွတ်စလင်အများဆုံး တိုင်းပြည်တွင် လေးရက်မြောက် ဆက်တိုက် ဆန္ဒပြမှုလည်း ဖြစ်သည်။

အစ္စလာမ်ညီညွတ်မှု လူငယ်ရှေ့တန်းအဖွဲ့ ဖိုရမ်ဟု ကိုယ်ကိုကို အတည်ြ့ပုထားသော အဖွဲ့က အမေရိကန်အလံနှင့် အစ္စရေးအလံများကို မီးရှို့ကြသကဲ့သို့ ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့၏ ဓာတ်ပုံပိုစတာများကိုလည်း မီးရှို့ကြသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဂျိုကိုဝီဝီဒိုဒိုကလည်း ထရမ့်၏ လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချထားပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်များအပေါ် ချိုးဖောက်ခြင်းအဖြစ် ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပါလက်စတိုင်းအား ရေရှည် တစ်စိုက်မတ်မတ် ထောက်ခံနေခဲ့သည့် နိုင်ငံဖြစ်ကာ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး မရှိထားသည့် နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required