ပြင်သစ်ရော့ခ်စတား ဂျွန်နီဟယ်လီဒေး အသက် ရ၄နှစ်အရွယ်၌ ကွယ်လွန်

ပြင်သစ်ရော့ခ်စတား ဂျွန်နီဟယ်လီဒေး အသက် ရ၄နှစ်အရွယ်၌ ကွယ်လွန်

 

ပြင်သစ်နိုင်ငံ၏ အကျော်ကြားဆုံးသော ရော့ခ်ဂီတကြယ်ပွင့် ဂျွန်နီဟယ်လီဒေးသည် အဆုတ်ကင်ဆာဝေဒနာ ကြောင့် အသက် ရ၄ နှစ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ဇနီးက ကြေညာခဲ့သည်။

အမည်ရင်း ဂျင်းဖိလစ်စမတ်ဟုခေါ်သော အဆိုတော်ဂျွန်နီသည် သူ၏အနုပညာသက်တမ်းတစ်လျှောက် ဓာတ်ပြားပေါင်း သန်း ၁၀၀ ကျော်ရောင်းချခဲ့ရပြီး ရုပ်ရှင်ဇာတ်ကားအများအပြား၌ ပါ၀င်သရုပ်ဆောင်ခဲ့သည်။

သူသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဖြစ်သော Legion D'Honneur ဂုဏ်ပြုဆုကို ၁၉၉၇ ခုနှစ်က ရရှိခဲ့သည်။

ပြင်သစ်ပြည်သူများသည် သူ့အား “ငါတို့ရဲ့ ဂျွန်နီ” ဟုခေါ်ဝေါ်လေ့ရှိကြသည်။ သို့သော်လည်း ဂျွန်နီဟယ်လီဒေး သည် ပြင်သစ်စကားပြောသည့် နယ်နမိတ်အပြင်ဘက်တွင်တော့ လူသိနည်းလှသည်။

ဂျွန်နီကွယ်လွန်ပြီဆိုသောသတင်းကို ထုတ်ပြန်ကြေညာခဲ့သည့် သူ၏ဇနီးသည် လက်တီစီယာက “ဂျွန်နီဟာ ကျမတို့ကို စွန့်ခွာသွားပါပြီ။ အဖြစ်အပျက်တွေကိုမယုံကြည် လက်မခံနိုင်တဲ့စိတ်နဲ့ ကျမဒီစာကို ရေးနေရတာဖြစ် ပါတယ်။ ဒါပေမယ့် ဒါအမှန်ပါပဲ။ ကျမရဲ့ ခင်ပွန်းဟာ ကျမတို့နဲ့အတူမရှိတော့ပါဘူး” ဟု ထုတ်ပြန်ချက်ထဲ၌ ရေးသားခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ဂျွန်နီဟယ်လီဒေးနှင့်ပက်သက်၍ လက်ရှိပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က “ ကျနော့်တို့ရဲ့စိတ်ထဲမှာ ဂျွန်နီနဲ့ပက်သက်တာတွေ ရှိနေတုန်းပါ” ဟု ပြောဆိုခဲ့သည်။

“မျိုးဆက်များတစ်လျှောက်မှာ သူဟာ ပြင်သစ်ပြည်သူတွေရဲ့ ဘဝထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သူဖြစ်ပါ တယ်။ သူ့ရဲ့ဖျော်ဖြေပွဲတွေမှာ ခင်ဗျားတို့မြင်ခဲ့ရတဲ့အတိုင်း သူဟာအားလုံးကို ဆွဲဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်” ဟု မက်ခရွန်က ရည်စူးဂုဏ်ပြု၍ ပြောကြားခဲ့သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required